"သား~~ဖွားဖွားကြီးနောက် လိုက်သွားနော်"

"ရေတူးမို့~~ချန်ယုံးယေး ချော့ချင်ယို့"

စကားလေးကမပီ...။ နှုတ်ခမ်းပိစိလေးက ထော်ထွက်ကာ မျက်နှာလေးက ငိုမဲ့မဲ့ရယ်...။ ဂျောင်ကုရဲ့မျက်နှာကို သေချာငေးစိုက်ကြည့်နေရင်း အသနားခံနေပုံက တကယ့်အသည်းယားစရာ...။ ဖအေတူသားပေမို့လားတော့မသိ...။ သူ့အဖေလည်း တစ်ခုခုဆို ဒီအကျင့်လေးတွေကအရင်...။

"သားရေဆော့နေတာကြာနေပြီလေ... နေမကောင်းဖြစ်ရင် အပ်ကြီးကြီးနဲ့ ဆေးထိုးခံရမှာနော်... နာမှာမကြောက်ဘူးလား ပြော"

ရေစိုနေတဲ့ ငုတ်စိတိုဆံပင်လေးတွေကို သပ်တင်ပေးတော့ ခေါင်းလေးငုံ့သွားပြန်သည်...။

"နာနာ~~အပ်ကြီးကြီးကနာနာ~~ဟင့် !"

လက်ခုံဖောင်းဖောင်းလေးနှစ်ဖက်ကိုဆွဲယူကာ အသာလေးနှုတ်ခမ်းနဲ့ပွတ်သပ်ရင်း သားကိုချော့ရသေးသည်...။ ဆေးထိုးရမှာတော့ သားကကြောက်သည်...။

"နာမှာကြောက်ရင် ပါပါးစကားနားထောင်လေ... နားထောင်မယ်မလား... ပါပါးဆန်လုံးလေးက လိမ္မာတယ်ဆို"

ခေါင်းလေးငြိမ့်ပြတော့ ဂျောင်ကုအသည်းယားကာ ပါးနှစ်ဖက်ကို တရှုံ့ရှုံ့မြည်အောင်ဆွဲနမ်းရင်း~~

"မေမေ့ မြေးကိုလာချီလို့ရပြီ !"

towel အဖြူစလေးဖြင့် တစ်ကိုယ်လုံးကို သိမ်းထုတ်ကာပတ်ပေးလိုက်တော့ ပိုးတုံးလုံးလေးကဲ့သို့...။ ဂျောင်ကုရှေ့မှာတော့သားက တစ်ချက်ကလေးမှ အော်မငိုသလို အထွန့်လည်းမတတ်...။ အံကြီးကြိတ်ပြီး သူ့ဖွားအေနောက်ကို မျက်ရည်တွေကျလျှက် ပါသွားပုံကိုကြည့်ပြီး ဂျောင်ကုမှာအသည်းတယားယားဖြင့် ကျန်ခဲ့ရသည်...။

"ငယ်~~ ဂျွန့်ကိုစောင့်ပေးဦး"

အနားကနေထွက်သွားဖို့ကြံနေတဲ့သူကို ဂျောင်ကုလှမ်းတားလိုက်တော့ ကန်ဘောင်နားသို့ တိုးကပ်လျှောက်လာလေသည်...။

"အအေးပတ်မယ်နော် ဂျွန် ! အကြာကြီးဇိမ်ဆွဲမနေနဲ့... ရာသီဥတုက အေးနေတာ"

စကားပြောနေရင်းမှ စတိုင်လ်ပန့်ကလေးကို ဒူးခေါင်းနားထိရောက်အောင် ခေါက်တင်နေပြန်သည်...။ ပြီးတာနှင့် ဂျောင်ကုမျက်နှာကို တစ်စက်ကလေးမှမကြည့် လှည့်ထွက်လာကာ ခပ်လှမ်းလှမ်းတစ်နေရာရောက်မှ ငယ်က ရေထဲခြေချောင်းလေးတွေချထားရင်း ရေတွေဆော့နေတာပဲဖြစ်သည်...။ ဒါကဘာသဘောလဲလေ...။ သူဘယ်လောက်ပဲ ကိုယ်နဲ့အဝေးမှာနေနေ ဂျောင်ကုက အဲ့ဒီနေရာထိရောက်အောင် မကူးနိုင်တာကျလို့...။

~~STRING~~ (Completed)Where stories live. Discover now