ထယ်ယောင်းခေါင်းလည်းမငြိမ့်မိသလို အဖြေလည်းပြန်မပေးမိ...။ ဒီအတိုင်းနှုတ်ဆိတ်၍သာနေမိသည်...။ ရှက်နေတာလည်းပါသည်...။ နားမလည်နိုင်ဖြစ်နေတာကိုတော့ ဝန်ခံပါသည်...။ ထယ်ယောင်းမှာ ဒီကိစ္စတွေနဲ့ပတ်သတ်ပြီး လေ့လာမှုအားနည်းသလို ရှက်တာကတစ်ကြောင်းရယ်ကြောင့်...။

"ကဲပါ~~လျှောက်တွေးမနေနဲ့တော့... မေမေတို့ ဟိုသဲကဲနေတဲ့သားအဖဆီ သွားရအောင်လား... မြေးလေးက ရေဆော့တာကြာနေပြီ... ဖျားနေမှဖြင့် "

မေမေက စိတ်မြန်လက်မြန်ရှိလှသည်...။ ပါးစပ်ကနေတတွတ်တွတ်ပြောနေရင်း လှစ်ကနဲ ရေကူးကန်ဘက်ကို ရောက်သွားတာပင်...။ ထယ်ယောင်းအနောက်ကနေလိုက်လာခဲ့ပြီး အနားရောက်တဲ့အခါ သားရဲ့ရယ်သံလေးကြောင့် ရှုပ်ထွေးနေတဲ့စိတ်အစဉ်က လန်းဆန်းသွားသလိုပင်...။

"ဖေ့~~ချန်ယုံးယေးနဲ့ ရေတူးမယ်
ရာခဲ့~~ပါး~~ပါး~~ဖေ့ ကိုထော် !"

လက်ညှိုးလေးတထိုးထိုးနဲ့ ထယ်ယောင်းကိုခေါ်ဖို့ သူ့ပါပါးကို ပူဆာနေတာ ဘယ်လောက်ချစ်ဖို့ကောင်းလိုက်သလဲလေ...။ အင်္ကျီကလေး လန်တက်နေတာကြောင့် ဗိုက်ပူလုံးလုံးလေးက ဆူထွက်လို့နေသည်...။ ဘောကွင်းကို ဂျွန်က ထိန်းကိုင်ပေးထားတာကြောင့် သားကအကြောက်အလန့်မရှိ ရေထဲခြေထောက်တွေကို တဗွမ်းဗွမ်းမြည်အောင်ရိုက်ခတ်ရင်း ထယ်ယောင်းကို ခေါ်နေတာလည်းအဆက်မပြတ်...။

"ဖေ့~~ရာခဲ့~~ရာခဲ့ယို့ !"

ဂျွန်က ထယ်ယောင်းကိုငေးစိုက်ကြည့်နေရင်းမှ ရေစိုနေသည့်နှုတ်ခမ်းတွေကို လျှာဖြင့်တစ်ချက်သပ်လိုက်တာကြောင့် ထယ်ယောင်းတစ်ဖက်သို့သာ ခေါင်းလှည့်ထားလိုက်မိသည်...။ အနားမှာမေမေရှိပါလျှက်နဲ့ ဂျွန်က သိပ်ကိုအတင့်ရဲလွန်းပါသည်...။

"သား~~မတော်သေးဘူးလား... ရေဆော့တာကြာနေရင် မြေးလေးအတွက် မကောင်းဘူးလေ"

"သားက ကူးတောင်မကူးရသေးဘူးမေမေရဲ့... မေမေ့မြေးနဲ့ ဆော့ပေးနေရတာလေ... နေမကောင်းဖြစ်မှာကြောက်ရင် မေမေပြန်ခေါ်သွားလိုက်... သားကဆက်ကူးဦးမှာ... အနားမှာငယ်လဲရှိနေတာပဲ !"

ဂျွန်က ကန်ဘောင်ပေါ်သားကိုချီတင်ပေးတော့ ဆန်လုံးလေးက အင်တင်တင်ရယ်...။ နှုတ်ခမ်းလေးဆူထွက်လာပြီး ငိုမဲ့မဲ့လေးဖြစ်လို့လာသည်...။ ဂျွန့်ရဲ့လည်ဂုတ်ကို လက်တုတ်တုတ်လေးတွေဖြင့် သိုင်းဖက်ထားပုံက သူမသွားချင်ကြောင်းဖော်ပြနေသလို...။ ထယ်ယောင်းကတော့ ဒီအတိုင်းလေး လက်ပိုက်ရပ်ကြည့်နေလိုက်သည်...။ တစ်ခါတလေလောက်တော့ ဒီသားအဖကို မသိကျိုးကျွံပြုပါဦးမှ...။ နေရာတကာသူတို့ချည်းပဲ မောင်ပိုင်စီးချင်နေကြတာ...။

~~STRING~~ (Completed)Where stories live. Discover now