လက်တွေဟာအငြိမ်မနေခဲ့ ခန္တာကိုယ်အနှံပွတ်သပ်ထိတွေ့တဲ့အခါ အသက်ရှူသံခပ်ပြင်းပြင်းက စီးချက်ညီစွာထွက်ပေါ်လို့လာသည်...။ အဲ့ဒီအခိုက်မှာပဲ~~

"ခင်ဗျား !"

ဂွမ်းသားဘောင်းဘီလေးကို ဆွဲချွတ်လိုက်တဲ့အခိုက်မှာပဲ ထောင်မတ်နေတဲ့သူ့အရာကိုကြည့်ပြီး ဂျောင်ကု နားလည်သဘောပေါက်လိုက်သည်...။

"ဟင့်~~ဖယ်တော့ !"

"ကြာနေပြီလား~~ဖြစ်နေတာ "

"မသိဘူး~~ဖယ်လို့"

"ဘာကိုမသိတာလဲ !! ကိုယ့်ကိုယ်ကိုယ်ဘာဖြစ်မှန်း ခင်ဗျားမသိဘူးလား"

"သိတယ် !"

"သိရင်ဘာလို့ ဒီတိုင်းနေသလဲ... ကြာရင်ကျန်းမာရေးထိခိုက်မှာ ခင်ဗျားနားမလည်ဘူးလား"

"ဂျွန် ကိုယ့်ကိုလာမအော်နဲ့ !"

နှုတ်ခမ်းလေးကိုမဲ့ထားရင်းက တစ်ဖက်သို့လှည့်သွားပြန်သည်...။ ကိုယ့်အတွက်ပြောမှန်းမသိ သူ့အတွက်ပြောနေမှန်းမသိ...။ ထစ်ကနဲရှိ စိတ်ကောက်ပြီးငိုဖို့ပဲ...။

"အရင်က ဒီလိုမျိုးဖြစ်ဖူးလား"

"တစ်ခါတလေမှ !"

"အဲ့တုန်းကရော ဒီလိုပဲနေသလား"

ခေါင်းငြိမ့်ပြတာကိုကြည့်ပြီး ဂျောင်ကုမှာ နားမလည်နိုင်အောင်ရှိရသည်...။

"ဖြေရှင်းရမှာပေါ့ ခင်ဗျားမသိဘူးလား"

"သိတယ်~~မလုပ်ချင်လို့"

"ဘာလို့မလုပ်ချင်တာလဲ"

မဖြေချင်တဲ့မေးခွန်းကိုမှ ဂျွန်က ထပ်ခါတလဲလဲကို မေးနေတာ...။ စိတ်ကျဉ်းကျပ်လို့ ဒီနေရာကနေ ပျောက်ကွယ်သွားလိုက်ချင်တော့သည်...။

"ဟင့်အင်း !"

"မေးနေတာကိုဖြေ !"

ပခုံးနှစ်ဖက်ကိုဆုပ်ကိုင်ကာ လှုပ်ရမ်းရင်းမေးတော့ မျက်လွှာလေးချထားရင်းမှ တိုးဖွဖွထွက်လာသည်က 'ရှက်လို့'တဲ့လေ...။ ဒီကိစ္စလေးကိုတောင် လုပ်ရမှာရှက်တဲ့သူက ကလေးတစ်ယောက်ထွက်လာအောင်လုပ်နိုင်တာ စဉ်းစားစရာပဲ...။ တစ်ခုခုတော့လွဲနေပြီ...။ သားကိစ္စနဲ့ပတ်သတ်ပြီး သိချင်တာတွေရှိပေမယ့် ကိုယ်ကလည်းမအားတာနဲ့ ဒီကိစ္စကိုမေ့မေ့သွားတာ...။အတွင်းရေးမှူးဂျောင်ကို နောက်နေ့ရုံးတက်ရင်စုံစမ်းခိုင်းရမည်...။

~~STRING~~ (Completed)Where stories live. Discover now