"မေးနေတယ်လေ~~ဘာလို့လဲ !"

"ဂျွန်~ ကိုယ့်~~ကိုယ့်အနားမလာနဲ့"

"လာတော့ဘာဖြစ်လဲ !"

"မလာနဲ့လို့ ~ကိုယ်~~ကိုယ် !"

ဂျောင်ကုကိုပြန်ပြောနေတဲ့အသံတွေဟာ တုန်ရီလို့နေသည့်အပြင် နှုတ်ခမ်းတွေပါ တဆတ်ဆတ်တုန်နေသည့်သူ့အဖြစ်...။ ဂျောင်ကုဝတ်တဲ့အဝတ်အစားတွေကို ယူဝတ်ထားတာကြောင့် တစ်မျိုးလေးဖြစ်လို့နေသည်...။

"မထိနဲ့ !"

လက်ကိုဆုပ်ကိုင်လိုက်တာနဲ့တစ်ပြိုင်ထဲ ဂျောင်ကုလက်ကိုပုတ်ချကာ ကျောခိုင်းနေပြန်သည်...။ နားရွက်ဖျားလေးတွေ နီရဲနေတာကိုကြည့်ပြီး ရှက်နေမှန်းသိပေမယ့် ဂျောင်ကုကိုပစ်ပစ်ခါခါ သူဘယ်တုန်းက လုပ်ခဲ့ဖူးလို့လဲ...။

"အဲ့ဒါကဘာဖြစ်နေတာလဲ !"

"ဘာ~~ဘာမှမဖြစ်ဘူး ! ဂျွန်သွားအိပ်နှင့်
ကိုယ်နောက်မှလိုက်ခဲ့မယ်"

"ဘာလို့အိပ်ရမှာလဲ... အခုမှအစောကြီးရှိသေးတာ... ဒီဘက်ကိုလှည့်~ ဘာဖြစ်လို့လူကို အဖက်မလုပ်ချင်ရတာလဲ"

bath tub ဘောင်ပေါ် တစောင်းဝင်ထိုင်ရင်းမှ ကျောခိုင်းထားတဲ့သူကို မျက်နှာချင်းဆိုင် အနေအထားရောက်အောင် ဆွဲလှည့်ပစ်လိုက်တဲ့အခိုက်~~

"ငယ် !~~ဘာဖြစ်နေတာလဲ"

နီရဲတွတ်နေသည့်မျက်နှာက တစ်စုံတစ်ရာကို ထိန်းချုပ်ထားရသည့်ပုံစံမျိုး...။ ဂျောင်ကုလက်တွေကို တွန်းထုတ်နေတဲ့လက်အစုံဟာ တုန်ခိုက်လို့နေသည်...။

"ဘာ~~ဘာမှမဖြစ်ဘူးလို့ သွားပါဆိုနေ"

အတင်းတွန်းထုတ်နေတဲ့သူကို ပခုံးပေါ် စွေ့ကနဲပွေ့ချီလိုက်တော့ လက်သီးဆုပ်တွေကကျောပြင်ထက် တဘုန်းဘုန်း...။ ဘေလ်စင်ပေါ်ချီတင်ကာ မျက်နှာလေးကို လက်နှစ်ဖက်ဖြင့်အုပ်ကိုင်ရင်း မျက်နှာနှစ်ခုကို နီးကပ်စေလိုက်သည်...။

"ပြွတ် !"

အနမ်းတွေသိပ်သည်းလာသည်နှင့်တပြိုင်နက် ကျောပြင်ပေါ်ထုရိုက်နေတဲ့ လက်သီးဆုပ်ကလေးတွေ အားလျော့လို့လာလေသည်...။ ဂျောင်ကုရဲ့အနမ်းတွေကို တုန့်ပြန်မှုက အားကောင်းလို့လာသည်...။ ဦးဆောင်သူဟာ ဂျောင်ကုဖြစ်ခဲ့ပေမယ့် ပါးလျလျနှုတ်ခမ်းတစ်စုံ၏တိုက်ခိုက်မှုက ဂျောင်ကုစိတ်ကို လွတ်ထွက်စေတဲ့အထိ...။

~~STRING~~ (Completed)Where stories live. Discover now