At 8:00PM
သားအတွက်အာဟာရမှုန့်ကို မေမေကထွက်ဝယ်ခိုင်းလို့ ဂျောင်ကုမှာ မဝယ်တတ်သည့်ကြားက သွားဝယ်ပေးရသေးသည်...။ ဒီကြားထဲTraffic Jams နဲ့တိုက်လို့အချိန်ကြာတော့ မေမေက ဖုန်းတဂွမ်ဂွမ်ဆက်ပြီးဆူရော...။ ဂျောင်ကုအိမ်ပြန်ရောက်တော့ သားက ငိုပြီးအိပ်ပျော်သွားပြီတဲ့လေ...။
ထမင်းစားချင်စိတ်မရှိသေးတာကြောင့် သီချင်းလေးငြီးကာ အပေါ်ထပ်သို့တက်လာခဲ့လိုက်သည်...။ ငယ်နဲ့အချစ်ခရီးလေးကို ဆက်ဖို့ရှိသေးသည်...။ မေမေလာခေါ်လို့သူ့မှာ မနည်းဆန္ဒကိုဦးချိုးပြီး လာခဲ့ရတာ...။ စိတ်ကတော့ ငယ့်ဆီကနေ တစ်ဖဝါးမှမခွာနိုင်ဘူး...။
"ငယ် !"
အခန်းတစ်ခုလုံးမှောင်မည်းနေတာကြောင့် ဂျောင်ကုမှာ ခလုတ်ကိုရှာဖွင့်ရသည်...။ မီးရောင်တွေလက်လာပေမယ့် တစ်ယောက်သောသူကို အခန်းထဲမှာမတွေ့...။ မေမေပြောလိုက်တာတော့ သူလည်းအခုထိ ထမင်းမစားရသေးဘူးတဲ့...။ ဂျောင်ကုရဲ့အခန်းက လေသာဆောင်နဲ့ဆက်နေတာကြောင့် တံခါးဖွင့်ကာထွက်ရှာပေမယ့် အရိပ်ကလေးပင်မတွေ့...။
ဒီအချိန်ကြီးတော့ ခြံထဲမဆင်းလောက်ပါ...။ အပြင်မှာ ဒီလောက်အေးနေတာ...။ ရေချိုးခန်းတံခါးအား ဖွင့်ဖို့လုပ်ပေမယ့် အထဲကနေလော့ချထားတာကြောင့် စိတ်ထဲထင့်လာရကာ~~
"ငယ်~~ငယ်~~ကိုယ်ခေါ်နေတယ်လေ !"
တုန့်ပြန်သံမကြားရတာကြောင့် စိုးရိမ်စိတ်တို့က အလုံးအရင်းလိုက် ဝင်ရောက်လာတော့သည်...။ အထဲကနေ လော့ချထားပေမယ့် သော့နဲ့ဖွင့်ရင်တော့ ဝင်လို့ရလောက်သည်...။ အကြံရလာတာနှင့်တစ်ပြိုင်နက်အံဆွဲထဲကသော့တွဲကိုဆွဲယူကာ အခန်းတံခါးအား ပြေးဖွင့်ရသည်...။
"ခေါ်နေတာကြားရဲ့သားနဲ့
ဘာလို့ပြန်မထူးတာလဲ"
ဂျောင်ကုစိတ်ထဲ ဒေါသတို့ကဆူပွက်လို့လာသည်...။ ဒီလောက် အခန်းတံခါးကိုထုရိုက်ပြီး ခေါ်နေတာကို တစ်ချက်ကလေးမှ အဖက်မလုပ်တာ...။ ကိုယ့်မှာတော့ စိုးရိမ်လိုက်ရတာ...။ သူကတော့ bath tub ထဲဒူးထောင်ကာထိုင်ရင်း ခန္တာကိုယ်ကိုလည်း ကျုံ့ထားလိုက်သေးသည်...။ ဂျောင်ကုကိုမြင်တာနဲ့ ချက်ချင်းခေါင်းငုံ့ကာ မျက်နှာလွှဲသွားတာကရော ဘာသဘောလဲ...။
JE LEEST
~~STRING~~ (Completed)
Romantiekအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 34
Start bij het begin
