"မေးတာကတခြား
ချစ်လားလို့မေးတာလေ"
"ဟင့်အင်း~~တစ်ခုဖြေပြီးပြီ လူလည်မကျနဲ့"
"ဟုတ်ပါပြီ~~ဒါဆိုဂျွန်က ငယ့်ကိုအခုလိုချင်နေတယ်ဆိုရင်ရော ဂျွန့်ဆန္ဒကို ငယ်ဖြည့်ဆည်းပေးနိုင်လား ပြော"
"အခုကျ မေမေတို့အိမ်ကြီးမှာလေ
ပြီး~~ပြီးတော့အသံတွေထွက်မိရင်~~ !"
"အခန်းက အသံလုံအခန်း... ငယ်တစ်ညလုံးအော်ရင်တောင် မေမေတို့က ကြားမှာမဟုတ်ဘူး"
တွေ့လား~~စလာပြီ နားမခံသာတဲ့စကားတွေ...။
"ပြီးတော့ငယ် ဂျွန့်ကိုမလိုက်လျောတာ
ဘယ်လောက်ကြာပြီလဲ"
ဂျွန်ကပြောနေရင်းနဲ့မှ ထယ်ယောင်းကိုဆွဲပွေ့ကာ ရင်ချင်းအပ်စေရင်း မျက်နှာအနှံ့ အနမ်းတွေနေရာချဲ့တော့သည်...။
"ဂျွန်က အတင်း~~"
ထယ်ယောင်းစကားစတွေ ပြတ်သွားရသည့်တရားခံက ဂျွန့်ကြောင့်ပင်...။ စကားကိုဆုံးအောင်ပြောခွင့်မပေးပဲ နှုတ်ခမ်းတွေကို အငမ်းမရစုပ်ယူနေတော့တာဖြစ်သည်...။ နှုတ်ခမ်းတွေကိုလျှာဖျားနှင့်သပ်ကာ အတွင်းထဲသို့တိုးဝင်ဖို့ကြိုးစားနေတဲ့သူကို အခွင့်မပေးပဲ နှုတ်ခမ်းတွေကိုသာ တင်းတင်းစေ့ထားမိတော့ အတင်းကိုမရမကဖိနမ်းတော့သည်...။ ခေါင်းကိုလက်တစ်ဖက်ဖြင့် ထိန်းချုပ်ထားတာကြောင့် ငြင်းဆန်ဖို့အခွင့်မရှိ...။ အောက်နှုတ်ခမ်းကို သွားနှင့်ဖိကိုက်လိုက်တာနှင့်တစ်ပြိုင်နက် နာကျင်မှုကြောင့်အော်မိပြန်တော့ ဂျွန်က အခွင့်အရေးကိုချောင်းနေတဲ့ ကျားတစ်ကောင်လို အတွင်းထဲသို့တိုးဝင်ကာ လျှာဖျားချင်းပွတ်တိုက်ကျီစယ်လျှက် အနမ်းတွေကိုသိပ်သည်းစေသည်...။
"ဂျွန်က အတင်းဘာဖြစ်လဲ~~"
ချိတ်ဆက်ထားတဲ့နှုတ်ခမ်းနှစ်ခု လွတ်ထွက်သွားတာနှင့်တစ်ပြိုင်နက် ထယ်ယောင်းမှာ အသက်ကိုဝဝရှူရသည်...။
"အတင်း~~အတင်းလုပ်တယ်
ငြင်ငြင်သာသာဘယ်တော့မှမရှိဘူး အခုလဲ~"
မျက်ရည်တွေဝဲတက်လာပြီး ခဏအကြာမှာတော့ လက်သီးဆုပ်ခပ်ဖွဖွတွေက ဂျောင်ကုရဲ့ရင်အုပ်ထက်မှာ...။ နှုတ်ခမ်းပါးလျလျလေးဟာ ဂျောင်ကုကြောင့် စိုစွတ်ပြောင်လက်လျှက်...။
ŞİMDİ OKUDUĞUN
~~STRING~~ (Completed)
Romantizmအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 34
En başından başla
