ဆံပင်တွေရေစိုပြီး ကပ်နေတာတောင် ဂျွန်က ကြည့်ကောင်းနေဆဲ...။ ဘယ်လောက်ပဲ အနက်ရှိုင်းဆုံးထိပတ်သတ်ဖူးပါစေ ဒီယောကျ်ားကိုမှ အချိန်တိုင်းငေးကြည့်တိုင်း ရင်ခုန်နေမိတာမျိုးလေ...။
"ခ်ခ်~~ပါး ချန်ယုံးယေး ယားတယ်လို့
ရုတ်နဲ့~~ခ်ခ်~~ခ်ခ်"
သားရဲ့အသံဆာဆာလေးက တိတ်ဆိတ်နေတဲ့ ခြံဝန်းလေးအတွင်း ပဲ့တင်ထပ်လျှက်...။ ထယ်ယောင်းငေးကြည့်နေရင်းမှ အပျော်တွေကူးစက်လာသလိုပဲ...။
"သားက မြေးလေးကိုတော်တော်ချစ်မယ့်ပုံနော်... မေမေတောင်မှ ခဏလေးနဲ့သံယောဇဉ်တွယ်မိတာ... သူ့သားအရင်းလေးသာဆို တုန်နေအောင်ချစ်မလားမသိဘူး... အခုတောင် သည်းသည်းလှုပ်နေတာ"
မေမေ့အသံကြောင့် ထယ်ယောင်းကျောခိုင်းထားရာမှ တစ်ဖက်သို့လှည့်ကာ မျက်နှာချင်းဆိုင်ရင်း အရိုအသေပြုလိုက်သည်...။
"ဂျွန်က သားကိုတအားချစ်တာ... သားတောင်မှ ဂျွန့်လောက်မချစ်ပေးနိုင်ဘူး... သူ့သားကိုဆို အထိတောင်မခံဘူး မေမေ"
"အဲ့ဒါပြောတာ... သူ့သွေးသားဆို ဘယ်လောက်ချစ်လိုက်မလဲ~~ အို ! မေမေစကားတွေ သွယ်ဝိုက်ပြီးမပြောချင်တော့ဘူး... သားတို့မှာ မြေးလေးရှိတာမှန်ပေမယ့် သားဂျွန်ရဲ့မျိုးဆက်လေးလဲ မေမေတို့လိုချင်သေးတယ်... မေမေတောင်းဆိုတာမှန်ပေမယ့်~~ ဟိုသား !"
မေမေကစကားကိုဆုံးအောင်မပြောပဲ ထယ်ယောင်းကို အားနာတဲ့အကြည့်တွေဖြင့် အကြာကြီးကြည့်နေပြန်သည်...။ ထယ်ယောင်းလည်း ဒီကိစ္စကိုတွေးမိပါတယ်...။ ဂျွန့်အတွက်မတရားဘူးလို့ ထယ်ယောင်းခံစားနေရတာ...။ တကယ်ဆို ထယ်ယောင်းနေရာမှာ မိန်းမကောင်းလေးနဲ့လက်ထပ်ပြီး အိမ်ထောင်ရေးသာယာနေရမှာ...။ အခုတော့ မေမေပြောတာကို ထယ်ယောင်းရိပ်မိပါသည်...။ အငှားကိုယ်ဝန်ဆိုဦးတော့ ဂျွန့်သွေးသားဆို ထယ်ယောင်းက လက်ခံပြီးသားပဲ...။
"သားကိုအားမနာပါနဲ့မေမေ... မေမေတို့ကျေးဇူးတွေ သားတို့မိသားစုအပေါ် အများကြီးရှိပါတယ်... ဘာပဲဖြစ်ဖြစ် သားလက်ခံပေးမှာပါ"
"အားတော့နာပါတယ်သားရယ်... မေမေတို့က ကိုယ့်သွေးသားအရင်းက မွေးထုတ်ပေးတဲ့မြေးကိုပဲ လိုချင်တာ... အငှားကိုယ်ဝန်ဆိုတာထက်~~ ဒီခေတ်မှာ ဆေးပညာလဲတိုးတက်နေပြီပဲ~~ သားက !"
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 33
Start from the beginning
