မေမေ့ရဲ့ချောင်ပိတ်ရိုက်တဲ့မေးခွန်းကြောင့် မျက်နှာတွေနီရဲပြီးရှက်သွားရသည်က ဂျောင်ကုမဟုတ်ပဲ ဂျောင်ကုရဲ့ကလေးအဖေလေး ဖြစ်နေခဲ့သည်...။ ဟုတ်ပါသည် ဒီလပိုင်းလေးအတွင်းမှာပဲ ငယ့်ကိုချစ်မိမှန်းမသိ ချစ်နေခဲ့မိတာ...။ ဖွင့်ပြောချင်ပေမယ့် သူ့ရှေ့ရောက်တိုင်း စကားစကိုရှာမရ...။ အတ္တကြီးမိတဲ့ ကိုယ့်ကိုယ်ကိုပဲအပြစ်တင်မိသည်...။ စောစောသာတွေ့ခဲ့ရရင် သိပ်ကောင်းမှာ...။ ကိုယ့်ရှေ့မှာအိမ်ထောင်ရှိခဲ့ဖူးတယ်ဆိုတဲ့ အသိဝင်လာလေ ဖွင့်ဟဝန်ခံမယ့်ခံစားချက်က မှေးမှိန်သွားလေ...။ ဒီညတော့ ငယ့်ကိုချစ်မိနေကြောင်းဝန်ခံဖို့ ကြိုးစားကြည့်ချင်သည်...။
"မေမေကလဲ.... ဟိုမှာ ငယ်ကရှက်နေပြီ"
"အမလေး... လင်မယားတွေပဲဖြစ်နေကြပြီ... ဒါလေးမေးတာရှက်စရာလားဟယ်... ဒုက္ခပါပဲ ကြည့်ပါဦးဖေကြီးရယ်... သားမက်လေးက ရိုးလိုက်တာ"
ခေါင်းကြီးငုံ့ထားသည်မှာ ပြန်၍မော့မလာတော့...။ လက်သည်းထိပ်လေးတွေကို ဆိတ်နေတာကြောင့် လှမ်းတားလိုက်ရသည်...။ သားကလည်း ဖေဖေ့လက်ပေါ်မှာအငြိမ်မနေ ဟိုဆွဲဒီဆွဲဖြင့်...။ မေမေနဲ့ဖေဖေကလည်း အရှက်သည်းတဲ့သူကိုမှ ထပ်ခါထပ်ခါစလို့နေတော့ ဂျောင်ကုမှာ ထိုအရှက်သည်းနေတဲ့ မျက်နှာလေးကိုကြည့်ရင်း ဆွဲဖက်နမ်းမွှေးချင်စိတ်က တဖွားဖွား...။
~~~~~~STRING~~~~~~
နေ့ခင်းထမင်းစားပြီးထဲကအိပ်လိုက်တာ ညနေ၄နာရီလောက်မှ ထယ်ယောင်းနိုးသည်...။ ဘေးနားကိုလှမ်းကြည့်တော့ သားနဲ့ဂျွန်က ရှိမနေ...။ အခန်းကျယ်ကြီးထဲ တစ်ယောက်ထဲမနေရဲပြန်...။ ဒီအခန်းက ဂျွန်လူပျိုတုန်းက သုံးခဲ့တဲ့အခန်းလေးတဲ့...။ ဒါကြောင့်ထင်ပါရဲ့ အခန်းထဲဝင်ဝင်ချင်း green tea ရနံ့လေးက နှာဖျားထက်တိုးဝင်လာတာ...။
အောက်ထပ်ကိုဆင်းလာတော့လည်း ဧည့်ခန်းထဲမှာ မေမေနဲ့ဖေဖေကမရှိ...။ ပျင်းလှတာကြောင့် ခြံထဲဆင်းဖို့ခြေအချ သားရဲ့ရယ်သံလွင်လွင်လေး ကြားလိုက်ရတာကြောင့် အသံလာရာဘက်ကို လျှောက်မိတော့~~
တွေ့ပါပြီ~~ ရေကူးကန်အလယ်မှာ ဘောကွင်းထဲကိုသားကိုထည့်ပြီး ဂျွန်ကပါကလေးနဲ့အပြိုင် ရေဆော့နေတာ...။ အပေါ်ပိုင်းအဝတ်လွတ်နေတာကြောင့် ရင်အုပ်ကြွက်သားတွေကို အတိုင်းသားမြင်နေရသည်...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 33
Start from the beginning
