အခုထယ်ယောင်းသိလိုက်ရတာက ထယ်ယောင်းနဲ့ဂျွန်က အဆပေါင်းများစွာ ကွာခြားလွန်းနေတာ...။ ထယ်ယောင်းရဲ့ဘဝက အခွံသပ်သပ်ပဲ...။ ဒါ့ကြောင့် ဂျွန်က ထယ်ယောင်းကို အထင်သေးခဲ့တာလဲမပြောနဲ့...။
"သားတို့ရောက်ပြီ~~လာလာအထဲဝင်
မြေးလေးက ဖွားဖွားကြီးဆီလာ"
ဂျွန့်မေမေနဲ့ဖေဖေကပါ အပြင်မှာထွက်ကြိုကြတာကြောင့် ထယ်ယောင်းမှာ အားနာပြီးရင်း အားနာမိတော့သည်...။ သားကိုလက်ထဲကနေ လွှဲပြောင်းချီတော့ ငိုမဲ့မဲ့လေးဖြစ်နေပြန်သည်...။
"ဖွားဖွားကြီးလေ မြေးရဲ့... ကြည့်ပါဦး... ပိုပြီးချစ်ဖို့ကောင်းလာလိုက်တာ"
ခဏပင်မကြာလိုက်...။ သားကလည်း လူကြောက်တဲ့ကလေးမဟုတ်တာကြောင့် အခုတော့အပေးအယူတည့်လို့...။
"ဖိုးဖိုးကြီးကိုလဲ အာဘွား !"
"ဘွား~~ဘွား "
ဂျွန်က ထယ်ယောင်းလက်လေးကို ဆုပ်ကိုင်ထားရင်းနဲ့ ပါးချိုင့်လေးပေါ်အောင် ပြုံးနေပြန်သည်...။ ထယ်ယောင်းပျော်လိုက်တာ...။ ဒီအခြေနေလေးမှာပဲ ရပ်တန့်ထားလိုက်ချင်တော့တယ်...။ သားက ထယ်ယောင်းရဲ့သားအရင်းမဟုတ်မှန်း ဖုံးကွယ်ထားတဲ့ကိစ္စ ဂျွန့်ကိုမသိစေချင်ဘူး...။ သိဖို့လည်း မလိုအပ်လောက်အောင် ဂျွန်က ထယ်ယောင်းရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စမှန်သမျှကို စိတ်မှမဝင်စားခဲ့ပဲလေ...။
"သားတို့ဒီမှာ တစ်ညလောက်အိပ်သွားကြပါလား... တစ်ခါတလေအလည်လာတာကို... မြေးလေးက တစ်ယောက်ထဲထားခဲ့ရင်လဲ ငိုနေမှာနဲ့"
ဂျွန့်ဖေဖေရဲ့အပြောကြောင့် ထယ်ယောင်းမှာ ဂျွန့်ကိုတစ်ချက်လှည့်ကြည့်တော့~~
"ငယ် အိပ်လို့အဆင်ပြေတယ်မလား"
"ဂျွန့်သဘောပါ~~ ငယ်ကရပါတယ်"
ဂျောင်ကုတို့စကားပြောနေတာကို မေမေက။အကဲခတ်ကြည့်နေရင်းမှ ဖေဖေ့ဘက်မျက်စပစ်ပြနေလေသည်...။
"ဘယ့်နှယ့်လဲသား... မေမေရွေးပေးတဲ့ အိမ်ထောင်ဖက်က သားစိတ်တိုင်းကျဖြစ်ပါမယ်လို့ မေမေမပြောခဲ့ဘူးလား... မေမေတို့တုန်းကလဲ ဒီအတိုင်းပဲ... သားဖေဖေနဲ့လက်ထပ်ပြီး လပိုင်းလေးအတွင်း တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင်အောင်ချစ်သွားကြတာ... သားလဲ ထယ်ယောင်းလေးကို ချစ်နေပြီမလား"
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 33
Start from the beginning
