~~~~~~STRING~~~~~~

ဂျွန်က ကားမောင်းရမှာဖြစ်တဲ့အတွက် သားကို ထယ်ယောင်းပေါင်ပေါ်ချီတင်ရင်း အသံတိတ်နေမိသည်...။သားက ထယ်ယောင်းကို မော့ကြည့်နေတာလည်းသိသည်...။ တမင်အကြည့်လွှဲကာ တစ်ဖက်သို့ငေးနေတော့ သားကထယ်ယောင်းပေါင်ပေါ်ကနေ မတ်တပ်ထရပ်ရင်း~~

"ဖေ့~~ဘွား !"

ခြေဖျားလေးမမှီမကမ်းထောက်ကာ အင်္ကျီစကိုဆွဲထားရင်း အာဘွားတွေလှိမ့်ပေးနေတော့တာ...။ လည်တာများမွှတ်နေတာပဲ...။ သူ့ကိုစိတ်ဆိုးနေလို့ ပြန်ချော့တယ်ဆိုတဲ့သဘော...။ အင်း~~ဂျွန်နဲ့ တစ်ထေရာထဲကို အကျင့်ကအစတူသည်...။

"ငယ်ရယ်... အကြာကြီးစိတ်ကောက်နိုင်တာလဲခမဟုတ်ပဲနဲ့... သားကအာဘွားတွေပေးနေတာ မောနေတော့မှာပဲ"

ဟုတ်သည်...။ ထယ်ယောင်းပါးနှစ်ဖက်ဆို သားရည်တွေပေကျံတဲ့အဆင့်ကို ရောက်နေတာ...။

"ဖေ့~~ !"

ငိုမဲ့မဲ့လေးထပ်ဖြစ်လို့လာတာကြောင့်
ထယ်ယောင်းဆက်ပြီးမတင်းထားနိုင်တော့...။

"နောက်တစ်ခါ ဂျီမကျရဘူးနော်
ဖေဖေ့စကားနားထောင်မှာလားပြော"

ခေါင်းလေးညိမ့်ပြလာတာကြောင့် ပါးအိအိကြီးနှစ်ဖက်ကို တရှုံ့ရှုံ့ဆွဲနမ်းပစ်လိုက်တော့ သားရဲ့ရယ်သံလေးတွေက ကားလေးအတွင်းကြီးစိုးလျှက်။

"ချစ်ဖို့ကောင်းလိုက်တာ "

နှုတ်မှဖွင့်ဟမိတဲ့အထိ သူတို့သားအဖက ချစ်ဖို့ကောင်းတာထက် ပိုခဲ့ပါသည်...။ ဂျောင်ကုရဲ့ ကလေးအဖေလေးက ဘယ်အချိန်ကြည့်ကြည့် အိပ်ယာနိုးစအချိန်ကြည့်လည်း ချစ်ဖို့ကောင်းနေဆဲ...။ အခုလည်း  အဖြူရောင်ရှပ်ကိုအောက်ကခံကာ cardigan နက်ပြာလေးနှင့် တွဲဝတ်ထားတာကြောင့် ရှင်းလင်းကာနှစ်လိုဖွယ်ရှိလှသည်...။

"ရောက်ပြီ... ငယ်ဘာမှစိတ်မပူနဲ့နော်... ဖေဖေနဲ့မေမေက ငယ့်ကိုသားအရင်းထက်တောင် ပိုပြီးချစ်သေးတာ"

ခြံဝန်းကြီးက ထယ်ယောင်းနေခဲ့တဲ့အိမ်ထက် နှစ်ဆနီးပါးကျယ်ဝန်းသည့်အပြင် ရေကူးကန်ကလည်း အိမ်ကြီးရဲ့ဘေးဘက်မှာ ခမ်းနားထည်ဝါစွာ...။ ခြံထဲကားလေးချိုးကွေ့ဝင်တုန်းက ကြည့်မိခဲ့တာ ပန်းခင်းနှင့်တောင် အမှတ်မှားတဲ့အထိ...။ အမှန်တိုင်းဝန်ခံရရင် ဒီနေ့ဒီချိန်ထိ ဂျွန်တို့မိသားစု ပိုင်ဆိုင်သမျှလုပ်ငန်းတိုင်းကို ထယ်ယောင်း မှတ်လည်းမမှတ်ထားသလို စိတ်လည်းမဝင်စားခဲ့တာကြောင့် ဒီတိုင်းအမှုမဲ့နေခဲ့မိတာ...။

~~STRING~~ (Completed)Where stories live. Discover now