လက်ဖဝါးနုနုလေးနှစ်ဖက်ကိုပါးမှာအပ်ရင်း တဖွဖွပြောမိတော့ ငယ်က ဂျောင်ကုကိုငေးကြည့်ရင်း သွားစွယ်ကလေးတွေပေါ်တဲ့အထိ ရယ်နေပြန်တယ်...။

"ဂျွန်က အဖြစ်သည်းလိုက်တာ"

"အဖြစ်သည်းတာမဟုတ်ပါဘူး... အကျင့်ပါမှာကြောက်တာ... ရတယ်လေ... သားမရှိရင်ပိုလို့တောင် ငယ့်အနားကပ်လို့ရသေး~~ အဟက် !"

ဟက်ကနဲတစ်ချက်ရယ်တော့ ငယ်က မျက်မှောင်ကျုံ့ကာ ဂျောင်ကုကို မျက်စောင်းထိုးလေသည်...။ အသည်းယားလွန်းလှတာကြောင့် လက်လေးကိုဆောင့်ဆွဲကာ ရင်ခွင်ထဲထိရောက်အောင် ခန္တာကိုယ်လေးကိုဆွဲသွင်းထားသည်မှာ တင်းတင်းကျပ်ကျပ်နိုင်လှလျှက်...။

ကျောပြင်ပေါ်ထုရိုက်လာတဲ့ လက်သီးဆုပ်ခပ်ဖွဖွလေးတွေကို မသိကျိုးကျွံပြုရင်း နို့နံ့သင်းတဲ့ ချိုအီအီရနံ့လေးကို တရှိုက်မက်မက် တမက်တမော ရှူရှိုက်နေမိသည်...။

"အဟင့်~~အင့်~~မံမံချာနေပါပြီချို
ဝါး~~ဝါး~~ဝါး !"

ဟုတ်သားပဲ... သားကို ဂျောင်ကုမေ့နေတာ...။ ငိုသံလေးက စူးကနဲနေအောင်ထွက်လာတာကြောင့် ငယ့်ကိုလွှတ်ပေးလိုက်ရင်း သားရဲ့အနားသွားကာ ပွေ့ချီရင်းချော့ရသည်...။ ငိုလိုက်တာဆိုတာ ချော့လေပိုပြီးအော်ငိုလေ...။ ပါးစပ်ကလည်း မံမံဆာတဲ့အကြောင်း တဖွဖွကိုပြောပြီး ငိုနေတာ...။

"တိတ်ပါသားရယ်~~ ပါပါးခွံကျွေးမယ်လေ
သားပဲ မံမံဆာနေပြီဆို"

"မံမံ~~အင့်~~မံမံချာနေလို့ပါချို"

သားကအငိုမရပ်တော့တာကြောင့် ထယ်ယောင်းမှာ ဖြည့်စွက်စာအာဟာရမှုန့်ကို ကမန်းကတမ်းဖျော်ရသည်...။ ဆန်လုံးလေး အရမ်းဆိုးနေပြီ...။ နောက်ဆို အလိုလိုက်တာတွေလျော့မှပဲ။

"သားလာ... ဖေဖေမံမံခွံ့မယ်... မနက်စောစောစီးစီး မငိုရဘူးလို့ပြောထားတယ်မလား... လာ~~ဒီမှာ မံမံရပြီ~~ သားပဲမံမံဆာနေပြီဆို"

"ထွန့်နဲ့~~ပါးပဲထွန့်ကျွေး"

"ဂျွန်ပဲခွံလိုက်မယ်... ငယ်အင်္ကျီလဲထားနှင့်လေ"

သားက အတင်းကိုကော့ထိုးနေတာကြောင့် စိတ်မရှည်တဲ့အဆုံး ဂျွန်နဲ့ပဲလွှတ်ထားခဲ့လိုက်ရင်း အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်...။ မေမေတို့ဆီသွားရမှာကို အချိန်ဆွဲနေလို့လည်းမကောင်း...။ ထယ်ယောင်းဘက်ကနေ ပေါ့လျော့မှုတွေရှိတဲ့အတွက် မျက်နှာချင်းဆိုင်ဖို့ပင် မဝံ့မရဲရှိလှသည်...။

~~STRING~~ (Completed)Where stories live. Discover now