မျက်နှာလေးအားဆွဲမော့ကာ အကြည့်ချင်းဆုံခိုက် လခြမ်းကွေးသဏ္ဍာန်မျက်ဝန်းလေးထက်မှာ မျက်ရည်ကြည်တို့က ရစ်ခိုလို့...။ ငယ်က ကလေးလေးလိုပဲ...။ တစ်ခုခုဖြစ်လိုက်တိုင်း မျက်ရည်ဝဲတာကအရင်...။
"သားကို ထမင်းကျွေးရဦးမယ်... လွှတ်ပေးဦး... ဂျွန်ကုမ္ပဏီကို သွားရမှာမလား... အလုပ်နောက်ကျနေဦးမယ်... ဒီမှာကြည့် necktile လဲမချည်ခဲ့ပြန်ဘူး"
ကော်လံတွေကိုသေချာလေးချိုးပေးရင်းမှ ရှပ်အင်္ကျီလက်က ကြယ်သီးတွေကိုပါ သေချာပြန်တပ်ပေးနေတဲ့ ငယ့်ကိုကြည့်ပြီး ဂျောင်ကုမှာ အသည်းတယားယား...။ အခုနေဖျစ်ညှစ်လိုက်ရင်လည်း စိတ်ဆိုးပြီးငိုတော့မှာ...။
"ဒီနေ့ကုမ္ပဏီမသွားတော့ဘူး... မေမေက သူ့သားမက်လေးနဲ့တွေ့ချင်လို့ လာခဲ့ပါဦးတဲ့... မနက်စာကို အိမ်ရောက်မှပဲစားတော့မယ်... ငယ်တို့သားအဖ အဆင်သင့်ဖြစ်ရင်သွားကြမယ်လေ... ဂျွန်တို့အိမ်ကို ငယ်မရောက်ဖူးသေးဘူးမလား"
"အင်း... မေမေကပဲ ဒီအိမ်ကိုလာတွေ့သွားတာ... မေမေတို့ကိုပစ်ထားမိတာကိုတွေးမိပြီး ငယ်စိတ်ထဲမလုံဘူး... အကြီးကအငယ်ကိုလာတွေ့ဖို့ ပြောရတဲ့အထိက မကောင်းသေးပါဘူး"
မျက်နှာလေးညှိုးရော်သွားတာကိုကြည့်ပြီး ဂျောင်ကုလည်းစိတ်မကောင်း...။ ဒီအိမ်မှာလာလိုက်နေရတဲ့အချိန်ကစပြီး သူအားငယ်နေခဲ့မှာကို ဂျောင်ကုရိပ်မိဖို့ကောင်းပါသည်။
"ဘာမှမဖြစ်ပါဘူး... မေမေက သဘောထားသေးသိမ်တဲ့သူမျိုးမဟုတ်ပါဘူး... သားကိုလဲ တွေ့ချင်နေတာတဲ့... ဖေဖေကတောင် မှာလိုက်သေးတယ်... သားကို တစ်ညခေါ်သိပ်ဖို့ကိစ္စ ငယ့်ကိုပြောပေးဖို့"
"ငယ်က ခွင့်ပြုပြီးသားပါ.. ဂျွန့်မိဘနှစ်ပါးက ငယ့်ရဲ့မိဘပဲဟာ... သားကိုချစ်ပေးတာနဲ့တင် ငယ်က ကျေးဇူးတွေတင်နေရတာ... သားနေရင် တစ်ညမဟုတ်ဘူး... တစ်လလုံးခေါ်ထားလို့လဲရတယ်"
"ငယ်ကရပေမယ့် ဂျွန်က မရဘူးဆိုရင်ရော... သားနဲ့ခွဲမအိပ်နိုင်ပါဘူး... သားအကျင့်လဲငယ်သိနေတာပဲ... တော်ကြာ ဖေဖေတို့နဲ့နေပြီး အကျင့်ပါသွားမှ ပြန်ခေါ်မရဖြစ်နေမှာ"
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 33
Start from the beginning
