"အ့~~ပူလိုက်တာ !"

ခါးကိုသိုင်းဖက်လာတဲ့လက်တစ်စုံရဲ့ အထိအတွေ့ကြောင့် လန့်ဖျတ်ကာရေနွေးတွေ လက်ပေါ်ဖိတ်စင်ကုန်တော့သည်...။

"ကျွတ်~~ဆောရီး ငယ် !
တော်တော်ထိသွားလား~~ပြဦး ဂျွန့်ကို"

ခါးကိုလက်တစ်ဖက်ဖြင့် သိုင်းဖက်ထားရင်းကနေ အပူလောင်သွားတဲ့လက်လေးကို ဆွဲယူကာလေမှုတ်ပေးတော့ ငယ်က မနေတတ်ဘူးထင်ပါရဲ့...။

"ရပြီ သိပ်မပူပါဘူး... နည်းနည်းလေးပဲစင်သွားတာပါ... ဂျွန်ကုမ္ပဏီသွားရမယ်မလား... ငယ်မနက်စာပြင်~~"

ထယ်ယောင်းမှာစကားဆုံးအောင်ပင် ပြောခွင့်မရလိုက်...။ ဂျွန်က ထယ်ယောင်းခါးကိုတင်းကျပ်နေအောင် အနောက်ဘက်ကနေသိုင်းဖက်ထားရင်းမှ  လည်ဂုတ်နဲ့နားထင်စပ်တွေကို တဖွဖွအနမ်းတွေခြွေချနေတာ...။

"အ့~~ဂျွန်~~အဲ့လိုမလုပ်ပါနဲ့
သား~~ဟင့်~~သားရှိတယ်လို့ "

လည်တိုင်တစ်လျှောက် နှုတ်ခမ်းနဲ့ညှပ်ကာ ဆွဲစုပ်နေတာကြောင့် ထယ်ယောင်းမှာ အသံပင်ထွက်ရတဲ့အထိ...။ ဂျွန်က ထယ်ယောင်းတားလေ ပိုပြီးအဆင့်တက်လေပင်...။ ထယ်ယောင်းရဲ့မေးဖျားလေးကိုဆွဲကိုင်ကာ နှုတ်ခမ်းနှစ်ခုကို ထပ်တူကျစေရင်း အနမ်းတွေဟာ သိုသိုသိပ်သိပ်ဖြင့်...။

"ပြွတ်စ်~~!"

မနက်စောစောစီးစီး ထိုပွင့်လွှာရဲရဲလေးကို စားသုံးရတဲ့အရသာက ပြောပြမတတ်လောက်အောင်ပဲ...။ ချိုပြီးအိစက်နေတာ လွှတ်ပေးချင်စိတ်ပင်မရှိ...။ ဂျောင်ကုရဲ့လက်ချက်ကြောင့် စိုရဲကာခပ်ဖူးဖူးလေးဖြစ်နေတဲ့နှုတ်ခမ်းသေးသေးလေးကို သေချာစိုက်ကြည့်မိသည်...။

"ငယ်မနက်က ပျက်ကွက်ထားလို့
ဂျွန်က အစားပြန်ယူရတာလေ "

"သားရှေ့မှာ ဆင်ခြင်ဖို့ပြောထားရက်နဲ့"

ငိုသံလေးပါလာတာကြောင့် ခန္တာကိုယ်လေးအား မျက်နှာချင်းဆိုင်ဖြစ်သွားအောင် ဂျောင်ကုဘက်သို့ ဆွဲလှည့်စေလိုက်သည်...။

"ငယ်ကကွာ~~သားကဘာသိမှာလဲ... ဒါလေးနမ်းတာကို အဖြစ်သည်းလွန်းတာ... အရင်ကလဲ မနမ်းဖူးတာကျလို့"

~~STRING~~ (Completed)Where stories live. Discover now