နောက်ကျောဘက်ကနေထွက်လာတဲ့ သားရဲ့ဆူအောင့်အောင့်အသံလေးကို မကြားချင်ယောင်ဆောင်ရင်း လုပ်လက်စကို ဆက်လုပ်နေမိသည်...။ အခုတလောဆန်လုံးလေးက ဂျွန့်ရဲ့အလိုလိုက်မှုကြောင့် နည်းနည်းလေး ထယ်ယောင်းအပေါ်ဆိုးချင်နေသည်။

"ဖေ့~~ဟင့် ! မံမံ~~ဟင့်~~မံမံယူမို့"

ငိုသံလေးပါ ပါလာတာကြောင့် ထယ်ယောင်းမှာ ကြာကြာပင်ဟန်မဆောင်နိုင်...။ အနားပြေးသွားကာ ဘေးခုံမှာဝင်ထိုင်ရင်း သားကိုကြည့်တော့ ရယ်ချင်စိတ်က တဖွားဖွား...။ အခုနောက်ပိုင်းထမင်းစားရင် အကျင့်ဖြစ်အောင်လို့ တစ်ယောက်ထဲပဲလွှတ်ထားပေးမိတာ...။ အခုကြည့်... နှုတ်ခမ်းပိစိလေးတစ်ဝိုက်မှာ အာဟာရမှုန့်တွေ ပေပွနေသည့်အပြင် ပါးဖောင်းဖောင်းလေးနှစ်ဖက်အထိပါ ပေကျံနေတော့တာပဲဖြစ်သည်...။

"မံမံတော်ပြီလေ... တစ်ပန်းကန်တောင်ကုန်နေပြီကို... သားပါပါးသိရင် အများကြီးကျွေးလို့ ဖေဖေ့ကိုဆူမှာပေါ့"

"ယူဦးမှာ~~အင့်~~အင့် !"

လက်ထဲကိုင်ထားတဲ့ ဖိုင်ဘာဇွန်းလေးကိုလွှတ်ချကာ လက်ကြီးပိုက်လျှက် အံကြီးကျိတ်ပြီး မျက်ရည်ပေါက်တွေက ပါးဆုပ်ကြီးနှစ်ဖက်ပေါ် တလှိမ့်ချင်းကျနေတာ...။

"အေးပါ အေးပါ... ဖေဖေပဲမှားတာ... မနက်စောစောစီးစီးမငိုရဘူးလို့ ဖေဖေမှာထားတယ်မလား... တိတ်တိတ်... ဖေဖေသားအတွက် မံမံထပ်ဖျော်ပေးမယ်"

"ချန်ယုံးယေး~~မံမံဆာလို့ပါ"

ကြည့်... ခုလိုချစ်ဖို့ကောင်းတဲ့ အပြောလေးတွေကြောင့် ဘယ်သူကပစ်ထားရက်မှာတဲ့လဲ...။

"ဟုတ်ပါပြီ~~ ဖေဖေပဲမှားတာဟုတ်ပြီလား"

ခုံပေါ်ကချက်ချင်းထကာ သားအတွက် အာဟာရမှုန့်ထပ်ဖျော်ဖို့လုပ်ရသည်...။ ဂျွန်သိရင်အပြောခံရဦးမှာ...။ တလောက အစားတွေများပြီး သားနေမကောင်းဖြစ်လို့ ထယ်ယောင်းကို စကားမပြောပဲနေတာ...။ကိုယ့်ဘက်ကပဲ စိတ်ဆိုးပြေအောင်ချော့ပြီး ပြန်ခေါ်ခဲ့ရသေးတာ သိပ်ပင်မကြာသေး...။ သူတို့သားအဖကတကယ် ထယ်ယောင်းအပေါ်ဆို နိုင်စားနေကြတာ...။တစ်နေ့တစ်နေ့ တစ်ယောက်တစ်မျိုးမရိုးစေရ...။

~~STRING~~ (Completed)Where stories live. Discover now