*ချောက် !*
"အဟမ်း~~တာဝါယူခဲ့ပေးဦး
ဒီမှာပတ်ထားတဲ့ဟာ ရေစိုသွားလို့"
တံခါးဖွင့်သံကြောင့် လှည့်ကြည့်လိုက်တော့ ဂျွန်က ရေချိုးခန်းတံခါးဝမှာ...။ ခေါင်းတစ်လုံးသာ အပြင်ထွက်ထားတာကြောင့် အပေါ်ပိုင်းကိုတော့မမြင်ရ...။
"ဘယ်~~ဘယ်နားမှာလဲ
ကိုယ်ရှာလို့မတွေ့ဘူး"
"အံဆွဲတွေထဲရှာကြည့်လေ မြန်မြန်လုပ်
အအေးပတ်ပြီးသေစေချင်လို့လား"
"အင်း~~ခဏ
ကိုယ်ရှာလိုက်ဦးမယ်"
ကျောခိုင်းကာ ဘီရိုကိုဆွဲဖွင့်လျှက် အလောကြီးနေတဲ့သူကိုကြည့်ရင်း ဂျောင်ကု ညစ်ကျယ်ကျယ်ပြုံးလိုက်သည်...။ အမှန်တိုင်းပြောရရင် တာဝါစကလည်း အခုထိရေစိုဖို့မပြောနဲ့...။ ချွတ်ပင်မချွတ်ရသေး...။
စိတ်ဆိုးနေတဲ့သူကို ဒီအတိုင်းမထားပါဘူး...။ စကားလုံးကြမ်းတွေမပြောချင်လို့ ပစ်ထားခဲ့ပေမယ့် ဂျောင်ကုရင်ထဲမှာတနုံ့နုံ့နဲ့...။ မဖြေရင်ဖြေလာအောင် လုပ်ယူလို့ရတဲ့နည်းတွေမှ အများကြီး...။ ကလေးအဖေလေးရဲ့ပျော့ကွက်ကို ဂျောင်ကုကသိထားပြီးသားမို့။
ဘီရိုထဲက အံဆွဲကို အသာလေးဆွဲဖွင့်လိုက်တော့ တာဝါစလေးတွေကို အလိပ်လိုက်စီထားလေသည်...။ အတွင်းခံကအစ အကုန်လုံးအစီအရီ...။
"ဂျွန် ဒီမှာရပြီ... အမေ့ !!"
တာဝါစကိုလှမ်းပေးရင်းနဲ့မှ လက်ကိုဆောင့်ဆွဲခံလိုက်တာကြောင့် ထယ်ယောင်းလန့်ကာ အော်မိသွားတော့သည်...။ နံရံမှာဆွဲကပ်ခြင်းခံလိုက်ရတာကြောင့် ကျောပင်အောင့်တက်သွားရသည်...။ ဂျွန်ရဲ့အကြည့်တွေက ထယ်ယောင်းနှုတ်ခမ်းဆီကမခွာပဲ အကြာကြီးစိုက်ကြည့်နေတာကြောင့် အနေရခက်နေသည်...။ အပေါ်ပိုင်းအဝတ်မဲ့နေတဲ့ အနေအထားကြောင့် ခန္တာကိုယ်အချိုးအစားကျစ်လစ်မှုကို အထင်းသားမြင်နေရသည်...။
"ဂျွန်~~ဘာဖြစ်နေ !!"
"အွတ်~~အွန်း !"
ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် အသာလေးအုပ်ကိုင်ကာ နှင်းဆီဖူးအငုံလေးကို အသာလေးဆွဲငင်ကာ ပွင့်လွှာလေးတွေကို တစ်လွှာချင်းအရသာခံနေမိသည်...။ ရင်ဘတ်ပေါ်ကျရောက်လာတဲ့ လက်သီးဆုပ်လေးတွေကို သူအာရုံမရ...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 32
Start from the beginning
