"လွှတ်ပေးလို့~~အင့်~~! ဂျွန်~~ အနိုင်ကျင့်လို့ရတယ်ဆိုတိုင်း ခဏခဏလူကိုအနိုင်မကျင့်ပါနဲ့~~ ဟင့် ကိုယ်~~ကိုယ်လဲ လူပဲစိတ်ရှိတယ်"

ရင်ဘတ်ကိုထုရိုက်လာတဲ့ လက်သီးဆုပ်တွေက တစ်ချက်မှအရှိန်မလျော့သွား...။ ကြာတော့ ဂျောင်ကုပါ ပိုပြီးစိတ်တိုဒေါသထွက်လာသည်...။ သည်းခံပြီးချော့လို့ တစ်စက်ကလေးမှမရ...။ ကြမ်းရမ်းမိရင်လည်း သူ့ကိုအနိုင်ကျင့်ပါတယ်ဆိုပြီး ခေါင်းစဉ်တပ်သေးတယ်...။ နေပေါ့~~မပြောလဲနေလေ...။ ကိုယ့်ဘက်ကအနေသာကြီး...။ မချော့ဘူး~~ သူ့ဟာသူဖြစ်ချင်ရာဖြစ်ပါစေ...။ ဘယ်တော့မှ အလျော့ပေးလို့ကိုမရဘူး...။ နည်းနည်းလေးအလိုလိုက်တာနဲ့ လူကိုရောင့်တက်ချင်လွန်းတာ။

"ကျစ်~~စိတ်ရှုပ်ဖို့ကောင်းလိုက်တာ"

"အ့ !!"

ဖက်ထားရာကနေ လူကိုဆောင့်တွန်းထည့်လိုက်တာကြောင့် ထယ်ယောင်းမှာ အရှိန်မထိန်းနိုင်ပဲ ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်ရက်ပစ်လဲလေသည်...။ အောက်ဘက်ကြမ်းခင်းမှာ မွှေးပွကော်ဇောခံထား၍သာ ထယ်ယောင်းနေသာသွားတာ...။

အပေါ်ဝတ်အင်္ကျီကို ကြမ်းပြင်ပေါ်ပုံချသွားတာကြောင့် ထယ်ယောင်းမှာ လိုက်ကောက်သိမ်းရသည်...။ နေ့လည်က ထယ်ယောင်းဖွထားတဲ့ အင်္ကျီတွေကလည်း အခုထိကုတင်ထက်ဖရိုဖရဲ...။ မျက်ရည်တို့အား အင်္ကျီလက်စနဲ့ပွတ်တိုက်သုတ်ကာ အင်္ကျီတွေကိုခေါက်သိမ်းရသည်...။

အပေါ်ခံသိုးမွှေးဆွယ်တာက လေးလံတာကြောင့် ဆွဲချွတ်ကာ အညစ်ခြင်းထဲထည့်ရသည်...။ ထယ်ယောင်းအိမ်မှာမရှိတဲ့ရက်လေးအတွင်း အိမ်မှာလည်းပွစာကြဲလို့ပင်...။ သားရဲ့အင်္ကျီ၊ ဂျွန်ဝတ်တဲ့အင်္ကျီတွေပင် ခြင်းတောင်းထဲပုံနေပြီ...။ အင်္ကျီဆွဲချွတ်လိုက်တော့ လည်ပင်းထက်ကနေ ခုန်ဆင်းလာတဲ့ဆွဲကြိုးလေးကိုကြည့်ရင်း ထယ်ယောင်းမှာသက်ပြင်းတချချ...။ ဘယ်အချိန်မှာ အပြောခံရဦးမလဲ မတွေးတတ်တော့ပါဘူး...။

ရှပ်အင်္ကျီကို ကြယ်သီးပြည့်တပ်ထားတာကြောင့် အပေါ်နှစ်လုံးလောက်ကို ဆွဲဖြုတ်လိုက်မှ အသက်ရှူရချောင်သွားတော့သည်...။ အဝတ်တွေကို လိုက်ခေါက်သိမ်းနေရင်းမှ နာရီကိုလှမ်းကြည့်တော့ ညရှစ်နာရီခွဲဖို့ ငါးမိနစ်သာလိုတော့သည်...။

~~STRING~~ (Completed)Donde viven las historias. Descúbrelo ahora