ထိုအခါချက်ချင်း ကုတင်ပေါ်ကဆင်းလာပြီး ဂျောင်ကုမျက်နှာကိုမကြည့်ပဲ necktile ကို လာဖြုတ်ပေးလေသည်...။ ဘာကိုအလိုမကျသလဲ...။ စိတ်ဆိုးတယ်ဆိုလည်း ဆိုးတယ်ပေါ့...။ အဲ့လိုမြုံစိမြုံစိ မထုံတတ်တေးလုပ်တာလောက် ဒေါသထွက်တာမရှိ...။

"ဘာဖြစ်နေတာလဲ ညနေထဲက မျက်နှာမကောင်းတာ... စိတ်ဆိုးစရာဖြစ်အောင် ဂျွန်ဘာလုပ်မိထားလို့လဲ "

"ဘာမှမဖြစ်ဘူး~~လွှတ်တော့
ကိုယ်ပင်ပန်းလို့ နားချင်နေပြီ"

ခါးကိုအတင်းသိုင်းဖက်ထားတဲ့ လက်အစုံကိုဆွဲဖြုတ်ချပေမယ့် အင်အားကြီးတဲ့သူမို့အရာမထင်...။ ထယ်ယောင်းစိတ်ရှုပ်နေသည်...။ ဂျွန်က ထယ်ယောင်းစိတ်ကို ဘယ်တုန်းကမှ နားလည်အောင်မကြိုးစားခဲ့ဘူး...။ အမြဲတမ်းသူ့ဆန္ဒ၊ သူဖြစ်ချင်သမျှကိုပဲ ရှေ့တန်းတင်လွန်းသည်...။

"ဘာမှမဖြစ်ဘူးဆို ဘာလို့လူကိုအဖက်မလုပ်ပဲ တစ်ယောက်တည်းနေသလဲ... မျက်နှာတောင်မကြည့်တာ တစ်ခုခုဖြစ်နေတာမဟုတ်လို့ ဘာလဲ...!!! စိတ်ဆိုးနေရင်လဲပြောပေါ့... ဂျွန်ဘယ်တုန်းက မချော့ပဲနေခဲ့လို့လဲ"

ပြောပြစရာမလိုအောင် သူသိသင့်ခဲ့တာမလား...။ လူရှေ့သူရှေ့မှာ အနမ်းခံရတာ ဘယ်လောက်ရှက်ဖို့ကောင်းလိုက်သလဲ...။ ကိုယ့်ယောကျ်ားပင် ဖြစ်နေပါစေဦးတော့ ဒီလုပ်ရပ်က ထယ်ယောင်းရဲ့သိက္ခာကို စော်ကားလိုက်တာနဲ့အတူတူပဲ...။ သူ့လက်ထဲသူ့အပိုင် လုပ်ချင်တိုင်းလုပ်လို့ရတယ်ဆိုပြီး တမင်သပ်သပ်အနိုင်ယူနေတာ...။

"ဖယ်လို့ပြောနေတယ်လေ... ကိုယ်ဘာမှမဖြစ်ဘူး... ပင်ပန်းလို့ နားချင်ရုံသပ်သပ်ပဲ... အရင်ကလဲ ဒီလိုပဲ ကိုယ်ဘာပဲဖြစ်ဖြစ် ပစ်ထားနေကျပဲဟာ... ကိုယ့်ဘာသာ တစ်ယောက်ထဲနေချင်တယ် လွှတ်ပေး... ကိုယ်တောင်းဆိုနေတာပါ... ဂျွန်နဲ့လဲ စကားမများချင်တော့ဘူး"

"မလွှတ်ပေးဘူးကွာ... မလွှတ်ဘူး ! အဲ့ဒီလိုတစ်ယောက်တည်း နေချင်တိုင်းနေလို့ရမလား"

ဘာမှတောင်မပြောရသေးပါပဲ သူကအရင် မျက်ရည်ကျနေပြန်သည်...။ အခုနေ တတွတ်တွတ်ပြောနေတဲ့ နှုတ်ခမ်းလေးတွေကို ပိတ်သွားအောင်လုပ်လိုက်ချင်ပေမယ့် အခြေအနေပိုဆိုးသွားမှာလည်း ကြောက်ရသည်...။

~~STRING~~ (Completed)Where stories live. Discover now