~~~~~~STRING~~~~~~

ယွန်းဂီတို့ကိုနှုတ်ဆက်ပြီး ကားပေါ်တက်တဲ့အချိန်ထိ ကလေးအဖေလေးက ဂျောင်ကုကိုမျက်နှာချင်းပင်မဆိုင်...။ အိပ်ပျော်နေတဲ့သားကို ကျောလေးသပ်ပေးရင်း ကားအပြင်ဘက်ကိုသာ ငေးလို့နေသည်...။

ရုတ်တရက်ကြီး တိတ်ဆိတ်သွားတဲ့အခြေအနေကြောင့် ဂျောင်ကုလည်းအနေရခက်နေသည်...။ ဟိုသုံးယောက်ရှေ့မှာ နမ်းလိုက်တုန်းက အရှက်သည်းပြီးနီရဲသွားတဲ့ပါးမို့လေးနှစ်ဖက်ကို အခုထိမျက်လုံးထဲကမထွက်...။ ဒီတစ်နေ့ထဲမှာတင် public kiss ပေးခဲ့တာနှစ်ခါတိတိပင်...။ ဒါကလည်းကိုယ့်ပိုင်ဆိုင်မှုကို အထိခိုက်မခံရအောင် ထိန်းသိမ်းတဲ့သဘော။

"ဟင့်~~ဖေ့ !
နို့နို့~~ဖေ့~~အွန်း "

ကုတင်ပေါ်အသာလေးချသိပ်ပေးနေတုန်း သားကပါးစပ်လေးဟကာ ယောင်နေပြန်သည်...။ နှိုးပြီးကျွေးရင်လည်း အငိုရပ်မှာမဟုတ်တော့...။ ဆန်လုံးလေးက အိပ်ရေးမဝရင် ဂျီတိုက်တတ်သည်...။ ထမင်းစားချိန်နဲ့ ဂျွန်မရှိတဲ့အချိန်တွေသာ ထယ်ယောင်းနားကပ်တာ...။ သားအဖနှစ်ယောက်စလုံး ထယ်ယောင်းကိုဆို အနိုင်ကျင့်လိုက်ကြတာမှ...။

"သားအိပ်ပျော်သွားပြီလား !"

တင်ပါးလေးကိုပုတ်သိပ်ပေးနေတုန်း နောက်ကျောဘက်ကနေထွက်လာတဲ့ ဂျွန့်ရဲ့ သြရှရှအသံကြောင့် ထယ်ယောင်းတစ်ချက်လှည့်ကြည့်ရင်းမှ ခေါင်းညိတ်ပြလိုက်သည်...။

"အင်း~~အိပ်နေပြီ"

တစ်ခွန်းထဲပြောပြီး သားဘက်ပြန်လှည့်သွားတဲ့သူကြောင့် ဂျောင်ကုနည်းနည်းစိတ်တိုချင်လာသည်...။ ညနေထဲက ကိုယ်နဲ့ကိုမျက်နှာချင်းမဆိုင်တာ...။ စိတ်မကောင်းဖြစ်အောင် ပြောခဲ့ဆိုခဲ့တယ်ဆိုလည်း ထားပါတော့...။ အခုကသပ်သပ်ကြီး မခေါ်မပြောတာတော့ မဟုတ်သေးပါဘူး...။

"ဂျွန့်ကို necktile လာဖြုတ်ပေးဦး"

"ဂျွန်ဖြုတ်တတ်နေတာပဲဟာ
ကိုယ်~~ဒီမှာသားကိုသိပ်မလို့ !"

"မရဘူးကွာ~~ ကိုယ့်ယောကျ်ားကို အမြဲဒီလိုပဲပစ်ထားတော့မှာလား... ဒီအလုပ်တွေကို ဂျွန်ပြောနေစရာတောင်မလိုဘူး... ကလေးအဖေလေးဘက်ကနေ
အလိုက်တသိလုပ်ပေးသင့်တာ"

~~STRING~~ (Completed)Where stories live. Discover now