"အေးပါကွာ... ဒါကလဲသူ့ကုသိုလ်နဲ့သူလေ ဘယ်တူပါ့မလဲ... ငါ့ကလေးအဖေလေးက ငါ့ကိုဘယ်လောက်ထိစိတ်ပူတတ်လဲ မင်းတို့အသိပဲဟာ"

ဂျွန်က ထယ်ယောင်းနားကပ်ထိုင်ကာ ခါးကိုသိုင်းဖက်ရင်း ထယ်ယောင်းမျက်နှာကို တည့်တည့်ကြည့်ပြီးပြောလိုက်တဲ့စကားကြောင့် ထယ်ယောင်းမှာခေါင်းပင်မဖော်ရဲတော့...။

"ဟုတ်တယ်မလား~~ဟင်လို့ !"

မျက်လွှာချထားတဲ့သူကို အားမရတော့တာကြောင့် အနားတိုးကပ်ကာ ပါးဖောင်းဖောင်းလေးတစ်ဖက်ကို နှာခေါင်းနစ်ဝင်တဲ့အထိ နမ်းရှိုက်ပစ်လိုက်သည်...။ အဲ့ဒီခဏလေးအတွင်းမှာပဲ ဟိုသုံးကောင်ဆီကနေ လုပ်ချောင်းသံတွေက အဆက်မပြတ်...။

"အဟမ်း~~အဟမ်း~~ public kiss တဲ့ကွာ... ပြောတော့လဲ သူပဲအမျိုးမျိုး... ငါမပြောလိုက်ချင်ဘူး"

"ဒါတောင် ငါတို့ရှေ့မှာမို့နော်... ကွယ်ရာမှာဆိုဘယ်လောက်တောင်သည်းနေမလဲမသိဘူး... Hyung ကလဲချစ်ဖို့ကောင်း... သားသားကလဲ အသည်းယားဖို့ကောင်းနဲ့... အဲ့ဒါတွေကြောင့်လဲ ဂျွန်ဂျောင်ကုတို့ အဖြစ်သည်းနေတာ"

"ဟဲ့~~ဟိုမှာအစ်ကိုကရှက်နေပြီ"

"မင်းတို့လဲ အားကျရင်ရှာပေါ့ကွာ... အသက်တွေကပဲမနည်းတော့ဘူးမလား... ကဲ~~ စကားများတာလဲကြာတော့ ပြန်ပြီငါ့ကောင်တို့ရေ... မိုးချုပ်သွားရင် ကလေးအတွက်မကောင်းဘူး"

ဒီလိုပဲ ဂျောင်ကုတို့အကျင့်က သူပြောချင်ရာပြောပြီးတာနဲ့ အနိုင်နဲ့ပိုင်းပြီး ထသွားတတ်တာ...။ သူကျတော့ရော ဘာထူးလို့လဲ...။ မိဘပေးစားလို့ လင်ကောင်းသားကောင်းရခဲ့တာများ...။ ဒါတောင် ဂဂျီဂဂျောင်ဖြစ်ခဲ့သေးတာ...။

ရန်ရှာပြီး အိမ်ပေါ်ကဆင်းခဲ့တုန်းက သူမဟုတ်တဲ့အတိုင်း...။ အခုများတော့လည်း အနားကကိုမခွာဘူး...။ ပြောတော့ သူ့မျက်နှာကိုမမြင်ချင်ဘူး အသံတောင် မကြားချင်ပါဘူးဆိုတဲ့ကောင်က အဖြစ်သည်းပြနေလိုက်ပုံက အမြင်ကတ်စရာ...။ နောက်မှ ပြဿနာဖြစ်လို့အသံထွက်ကြည့်... တွေ့မယ်...။ ရန်ဖြစ်ပြီးအိမ်ပေါ်ကဆင်းလာလို့ကတော့ အပေါက်ဝကနေကို နှင်လွှတ်မှာ... ။ လုပ်ထားဦးပေါ့လေ...။

~~STRING~~ (Completed)Donde viven las historias. Descúbrelo ahora