ချစ်မိသွားပြီဆိုရင် သူဘာလုပ်လုပ် အပြစ်မမြင်တတ်တော့တာမျိုးလေ...။ ဂျွန်က ထယ်ယောင်းရဲ့စိတ်၊ ထယ်ယောင်းရဲ့အရာရာကို အပိုင်စားရနေခဲ့တာဘယ်လောက်ကံကောင်းလိုက်သလဲ...။ အနာဂတ်ကိုလည်း ထယ်ယောင်းကြိုမတွေးချင်ဘူး...။ လက်ရှိဘဝမှာ ထယ်ယောင်းရယ်၊ ဂျွန်ရယ်၊ သားရယ် အတူရှိနေဖို့ကအဓိကပါပဲ...။
ဂျွန်က လေနှင်ရာအရပ်မှာဝဲမယ့် စွန်ကလေးဆိုရင် ထယ်ယောင်းက အဲ့ဒီစွန်လေးနဲ့အတူရှိမယ့် ကြိုးမဲ့ရစ်ဘီးကလေးပေါ့...။ မေတ္တာတရားတွေကို အချိုးကျပေါင်းစပ်ပြီး စိတ်နဲ့ ချည်နှောင်ထားတဲ့ကြိုးကလေးမို့ အခက်အခဲတွေကြုံလာခဲ့ရင်တောင် ထယ်ယောင်းတို့ဝေးမှာမဟုတ်ဘူး...။ ဒါကို ထယ်ယောင်းယုံကြည်တယ်...။
*တီ~~တီ~~တီ*
ခြံရှေ့ကားဟွန်းသံကြားမှ ထယ်ယောင်းအတွေးတွေ ပြန်ဝင်လာခဲ့သည်...။ အခုချိန်ထိ အဝတ်အစားမလဲရသေးတာကြောင့် ထယ်ယောင်းအခက်တွေ့နေသည်...။ အပြင်သွားမှာဖြစ်တဲ့အတွက် လုံလုံခြုံခြုံဝတ်စားမှအဆင်ပြေမည်...။ အိမ်မှာနေရင် အဆင်သင့်သလို ဝတ်လို့ရပေမယ့် ဒီလိုလူမြင်မသင့်တော်တာမျိုးတော့ ထယ်ယောင်းမလုပ်ချင်...။
ရှပ်အင်္ကျီကိုအတွင်းက ခံဝတ်ကာ ကော်လံထောင်မို့ လည်ပင်းမပေါ်တော့ နေရအဆင်ပြေသွားသည်...။ အပေါ်ကနေသိုးမွှေးဆွယ်တာ peach အရောင်လေးနဲ့တွဲဝတ်ကာ style pant အနက်ကလေးအား ကောက်ဝတ်လိုက်ပြီး cream တချို့လိမ်းရသည်...။
"ပြင်လို့မပြီးသေးဘူးလား !"
အင်္ကျီတွေကို ကုတင်ထက်ပြန့်ကျဲထားတာကြောင့် သိမ်းဖို့ပြင်နေတုန်း ဂျွန်ကရောက်ချလာသည်...။ ကိုယ့်ထက်စိတ်မြန်ကာ စိတ်ဆတ်တဲ့သူမို့ ဂျွန်စိတ်ကွက်သွားမှာလည်း ထယ်ယောင်းစိုးရိမ်သည်...။
"အင်း~~ဘာဝတ်ရမလဲမသိတာနဲ့
ဂျွန်ရေချိုးဦးမှာလား~~ဒါဆို "
အပြင်သွားမယ်လို့ ပြောခဲ့မိတာ ဂျောင်ကုမှားသွားပြီလားလို့တောင် ထင်မိပါရဲ့...။ ကလေးအဖေလေးက ဒီနေ့ကျမှ ချစ်ဖို့ကောင်းနေလိုက်တာ...။ အမြဲတမ်း ဆွယ်တာလေးတွေဝတ်နေကျဆိုပေမယ့် ဒီနေ့ဝတ်တာလေးက ပိုပြီးထူးခြားနေသည်...။
ČTEŠ
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 31
Začít od začátku
