Part - 29 (Rated M)

Start from the beginning
                                        

"ရှက်လို့ပေါ့ !"

"ဒီ့ထပ်ရှက်စရာတွေ အများကြီးရှိသေးတယ်"

"ဟင် !"

အူကြောင်ကြောင်လေး ပြန်ကြည့်နေပုံက အသည်းယားစရာ...။ ကိုယ်ကတစ်ခွန်းပြော သူကတစ်ခွန်းဖြေနဲ့ ဟုတ်တော့ဟုတ်နေပါသည်...။

"မြင်းစီးတတ်လား !"

"ဟင်... ကိုယ်မသင်ဖူးဘူး... ငယ်ငယ်က ဖေဖေသင်ပေးတုန်းက ကြောက်လို့မသင်ခဲ့ရဘူး... ထယ်ယွန်းပဲ... ! အဲ~~ဟို !"

ညီမလေးနာမည်ကိုထုတ်ပြောမိသွားတာကြောင့် ချက်ချင်းပါးစပ်ကို ပိတ်လိုက်ရသည်...။ ဂျွန်က ထယ်ယောင်းမျက်နှာကို သေချာအကဲခတ်နေသည်...။ ထယ်ယောင်းဘယ်လိုလုပ်ရမလဲ ညီမလေးအကြောင်းမပြောဖို့ မေမေမှာထားရက်နဲ့...။

"ထယ်ယွန်းက ဘယ်သူလဲ !"

"ကိုယ့်~~ကိုယ့်ညီမလေး"

"ကလေးအဖေလေးမှာ ညီမလေးရှိတာ ကိုယ်မသိလိုက်ရပါလား !"

"ဂျွန် ကိုယ့်ကိုမေးဖူးလို့လား"

"ထားပါတော့~~ အခုကိုယ်တို့အကြောင်းပဲ ဆက်ပြောရအောင်... ကိုယ်ပြောတဲ့ မြင်းစီးတယ်ဆိုတာ အဲ့ဒါမဟုတ်ဘူး "

မျက်လုံးလေးပေကလပ်ပေကလပ်နဲ့ ဂျောင်ကုမေးတာကိုဖြေတုန်းက အသည်းတွေယားလွန်းလို့...။ အိမ်ထောင်ကျဖူးတဲ့လူတစ်ယောက်က ဒီကိစ္စတွေမသိတာ အံ့သြစရာပါ...။ ကလေးတစ်ယောက်တောင် ထွက်လာပြီးမှ ဒါကိုသူမသိတာ တစ်ခုခုတော့တစ်ခုခုပဲ...။ သူ့မှာညီမ,ရှိတာကိုလည်း အခုမှသိရသည်...။

"ဟင်~~ဘယ်လိုမျိုးလဲ !"

"ကိုယ်သင်ပေးရမလား "

"ဒီမှာဘယ်လိုသွားသင်မှာလဲ... စီးစရာမှမရှိတာ ဂျွန်ကလဲ... ညည့်လဲနက်နေပြီကို "

ကြည့်ပါလား~~အူကြောင်ကြောင်နဲ့...။ ဂျောင်ကုအသည်းတွေယားလွန်းလို့ ဆွဲဆောင့်လုပ်ပစ်ချင်တဲ့အထိ...။ သူ့တင်ပါးလေးနဲ့ မိမိအရာပွတ်သပ်နေတာကိုလည်း သူမသိဘူး...။

"စီးစရာက ဂျွန်လေ
ကလေးအဖေလေးက တက်စီးပေးရုံပဲ !"

ဂျွန့်ရဲ့စကားကြောင့် ထယ်ယောင်းနားထဲ လေပူတွေထွက်လာသလိုပဲ...။ အခုမှစကားရဲ့အဓိပ္ပါယ်ကို ထယ်ယောင်းသဘောပေါက်လာသည်...။

~~STRING~~ (Completed)Where stories live. Discover now