Part - 29 (Rated M)

Start from the beginning
                                        

"ဘာ~~ဘာလို့လဲဟင် !"

"အဲ့ဒီစကားကို ကိုယ်ကမေးရမှာ... ကလေးအဖေလေးက ဘာသဘောနဲ့ဒီလိုလုပ်တာလဲ...?? အရင်တစ်ခေါက်ကတည်းက ကိုယ်သတိထားမိနေတာ"

ဂျွန့်ရဲ့အမေးကြောင့် ထယ်ယောင်းမှာ ပါးစပ်အဟောင်းသားနဲ့...။ ဂျွန်မကြိုက်လို့များလား...။ ဘာသဘောနဲ့ ဒီလိုလုပ်တာလဲဆိုတော့ ထယ်ယောင်းဘယ်လိုဖြေရမှာလဲ...။

"ကိုယ်~~ဟိုလေ နာတာသက်သာအောင်လို့ ဒီလိုလုပ်တာပါ~~ အဲ့~~အဲ့ဒါကလေ အဲ့လိုလုပ်ရင်~~ ဟို~~သိပ်မနာဘူးထင်လို့ "

ထယ်ယောင်းရှက်လို့ အငွေ့ပျံပြီး ပျောက်ကွယ်သွားလိုက်ချင်တော့သည်...။ ဂျွန်က ထယ်ယောင်းရဲ့စကားကြောင့် မျက်ခုံးတစ်ဖက်ကိုပင့်တင်လျှက်သား အံ့သြသလို မျက်နှာအနေအထားဖြင့်...။

"အ့ !!"

ဗိုက်ကိုဖိထားရင်းကနေ အတွင်းထဲဝင်နေတဲ့အရာကို အသာလေးဆွဲထုတ်လိုက်ရင်း တစ်ဖက်ဆိုဖာပေါ် သူလှဲချလိုက်တော့ ကလေးအဖေလေးက အူကြောင်ကြောင်မျက်နှာပေးလေးနဲ့...။

"ကိုယ့်ကို စိတ်ဆိုးတာလားဟင် !"

မပြီးဆုံးသေးခင်အတွင်းထဲကနေ လွတ်ထွက်သွားတဲ့ခံစားချက်ကြောင့် ထယ်ယောင်းမှာ မနေတတ်မထိုင်တတ်...။ ဂျွန်ပေးလာတဲ့ နာကျင်မှုသာယာမှုတိုင်းကို ထယ်ယောင်းအလိုရှိသည်...။ ဘာကြောင့်များ အခုလိုလုပ်ရပါသလဲ...။ ထယ်ယောင်းလိုချင်နေသေးသည်...။ ဒါပေမယ့် ထုတ်ပြောဖို့ထိတော့ မဝံ့ရဲပါ...။

"မဆိုးပါဘူး~~လာ !
ဒီပေါ်ခွထိုင်လိုက် "

လူနှစ်ယောက်လောက် အသာလေးဝင်လှဲလို့ရတဲ့ အနေအထားမို့ သူကပက်လက်လေးလှဲနေရာကနေ ကုန်းထလာကာ ဂျောင်ကုဗိုက်ပေါ်ခွထိုင်လို့လာသည်...။ မျက်နှာလေးကိုငေးကြည့်တော့ ရှက်နေတာအသိသာ...။ ရင်ဘတ်နဲ့လည်ပင်းတစ်လျောက်မှာ ဂျောင်ကုရဲ့အမှတ်အသားတွေက ဆေးစက်တွေလို နီစွေးကာ ပျံ့ကြဲလျှက်ရှိသည်...။

"ဂျွန် ဘာလုပ်ဖို့လဲ
ပြီးသွားရင်လဲ ကိုယ်အိပ်တော့မယ်"

"ပြီးသွားတယ်လို့ ဘယ်သူကပြောလဲ"

"အဲ့ဒါဆို ဘာလို့ဒီလိုကြီးနေနေလဲ
ကိုယ်မနေတတ်ဘူး~~ !"

"ဘာဖြစ်လို့လဲ "

~~STRING~~ (Completed)Where stories live. Discover now