"သားဖေဖေက ဖွားဖွားတို့အိမ်မှာ... ညနေ ပါပါးလိုက်ပို့ပေးမယ်လေ... ဖွားဖွားတို့အိမ်ကို သားလိုက်ခဲ့မယ်မလား"
ဂျောင်ကုပြောလိုက်တော့ သားမျက်နှာလေးက ငိုမဲ့မဲ့ရယ်...။ ပါးအိအိကြီးတစ်ဖက်ကို ရွှတ်ခနဲမြည်အောင်နမ်းလိုက်တော့ လက်သေးသေးလေးတစ်ဖက်က ဂျောင်ကုရင်ဘတ်ကို တွန်းကန်လာသည်...။
"လိုက်ဝူး~~လိုက်ဝူး
အဟင့်~~အဟင့်~~ဟင့်
ဝါး~~ဝါး~~ဝါး !"
ခေါင်းတွေကိုအဆက်မပြတ်ခါရမ်းကာ အသံကုန်အောင် အော်ငိုနေတဲ့သားဟာ တကယ်ကိုမှ မလိုက်ချင်ဟန်...။ ကြည့်ရတာ တစ်ခုခုတော့တစ်ခုခုပဲ...။ ဘယ်မြေးမဆို သူတို့အဖိုးအဖွားတွေကို ချစ်ခင်တွယ်တာကြတာချည်းပဲ...။ သူ့အဖေခေါ်တုန်းကလည်း မလိုက်တဲ့အပြင် အခုဂျောင်ကုခေါ်တာတောင် အသံထွက်ငိုတဲ့အထိ...။
သူတို့မိသားစုကြား ဂျောင်ကုမသိသေးတဲ့ ကိစ္စတစ်ခုခုတော့ ရှိကိုရှိရမည်...။ ဒီကလေးနဲ့ပတ်သတ်လို့ သူ့မိဘတွေဘက်က အမြင်မကြည်တာမျိုးလည်း ဖြစ်နိုင်သည်...။ ဂျောင်ကုတွေးမိသလောက်ပြောရရင် သူ့မိန်းမကို သူ့မိဘတွေက လက်မခံနိုင်တာလည်း ဖြစ်ချင်ဖြစ်နိုင်သည်...။
"အေးပါသားရယ်~~မငိုပါနဲ့
တိတ်ပါကွယ်~~ကျွတ်~~ကျွတ် !"
တစ်ညလုံး တစ်နေ့လုံးငိုနေတာ မငြီးငွေ့ဘူးလားတော့မသိ...။ ချော့ရင်ချက်ချင်း အငိုတိတ်တတ်တဲ့ သန္ဓေကောင်းတာကိုပဲ ကျေးဇူးတင်ရမည်...။ ညနေရုံးဆင်းရင်တော့ သားကို မေမေတို့ဆီခဏအပ်ကာ သူ့မိဘအိမ်ကို သွားလိုက်ခေါ်ရမည်...။ မသွားချင်ပေမယ့်လည်း မတတ်နိုင်...။ ကိုယ်တစ်ယောက်ထဲနဲ့ သားကိုမနိုင်ဘူး...။ တစ်ရက်ကလေး အိမ်မှာမရှိတာတောင် ဘယ်လောက်ဒုက္ခဖြစ်လိုက်သလဲ...။ breakfast ကအစ ဂျောင်ကုမှာဖြစ်သလိုစားပြီး ရုံးနောက်ကျမှာစိုးလို့ သားကိုချီပြီး ကုမ္ပဏီကို ချက်ချင်းပြေးရတဲ့အထိပဲ...။
~~~~~~STRING~~~~~~
"အဲ့ဒီမှာဘာရပ်လုပ်နေတာလဲ ထယ်ယောင်း... ဘယ်အချိန်မှ အိမ်ကိုပြန်မှာလဲ... အခုပဲညနေစောင်းနေပြီ... မနေ့ညနေထဲက အိမ်ကနေထွက်သွားလို့ ဟိုဘက်အိမ်ကို ပြန်ပြီထင်နေတာ... ဂျောင်ကုနဲ့ တစ်ခုခုဖြစ်ခဲ့တယ်မလား... ငါ့ကိုမှန်မှန်ပြောစမ်း !"
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 27
Start from the beginning
