"အင့်~~ပါး ! မံမံ ချာနေပြီယို့
ဖေ့ဆီတွားမို့~~အင့် !
အင့်~~ဟင့်~~ဖေ့ "
ဘယ်လောက်အထိ သူ့စိတ်ကိုလွှမ်းမိုးနိုင်သလဲဆိုရင် သားကိုပင်မေ့တဲ့အထိ သူ့အကြောင်းကိုတွေးနေမိတာ...။ လက်ထဲချီထားတဲ့သားဟာ အငြိမ်မနေတော့...။ တွန့်လိမ်ကောက်ကွေးကာ ဂျီနေတာကြောင့် တစ်ခုခုလုပ်ပေးမှဖြစ်တော့မည်...။ သားနဲ့နေတာကြာပေမယ့် ဂျောင်ကုအခုထိ ကလေးမချော့တတ်သေးပါ...။ ကလေးငိုသံကြားတာနဲ့ တော်တော်လေး ဒေါသထွက်တတ်တဲ့ဂျောင်ကုက သားနဲ့ကျမှအကျင့်ရပြီး အခုလိုသည်းခံနိုင်သွားတာ...။
"အေးပါသားရယ်... ပါပါးကဖေ့ဆီ လိုက်ပို့ပေးပါ့မယ်... မငိုရဘူးလေ နှပ်တွေထွက်ကုန်ပြီကြည့်ပါဦး"
မျက်ရည်တွေက ပါးအိအိလေးနှစ်ဖက်ပေါ် တလှိမ့်ချင်းကျနေတာကြောင့် အသာလေးဆွဲသုတ်ပေးရသည်...။ မနေ့က ရေချိုးနောက်ကျလို့ နှာရည်ယိုနေတာကြောင့် နှာခေါင်းပိစိလေးကို ဖွဖွလေးညှစ်ရင်း သန့်ရှင်းရေးလုပ်ပေးရသည်...။
"ညှစ်ထုတ်လိုက် သား !"
နီရဲတက်သွားတဲ့ နှာခေါင်းလုံးလုံးလေးဟာ သူ့အဖေအတိုင်း အသည်းယားပြီးဖျစ်ညှစ်ချင်စဖွယ်...။ အသန့်အပြန့်ကြိုက်သူပီပီ ဒီလိုမျိုးတွေလုပ်ရမှာ ရွံရှာတတ်တဲ့ဂျောင်ကုဟာ သားနဲ့ကျမှသူမဟုတ်တဲ့အတိုင်း...။ သူတို့သားအဖကိုက ဂျောင်ကုရဲ့စိတ်ကို လွှမ်းမိုးနိုင်လွန်းတာပါ...။
ကလေးကိုမျက်နှာသစ်ကာ အဝတ်အစားလဲ ပြင်ဆင်ပြီးနောက် အားလုံးအဆင်သင့်ဖြစ်တာနဲ့ အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်...။ သားက မငိုတော့ပေမယ့် မျက်နှာလေးကညှိုးနွမ်းနေဆဲ...။
"ပါး~~ဖေ့ဆီတွားမယ်"
kitchen ဆောင်ဘက်ကို လက်ညှိုးတထိုးထိုး လုပ်ပြနေတဲ့သားကြောင့် ဂျောင်ကုမှာသက်ပြင်းကို အကြိမ်ကြိမ်ချမိတော့သည်...။ ကြည့်ရတာ ဂျောင်ကုလာပြန်ခေါ်တာကို စောင့်နေသည့်ပုံပင်...။ ကိုယ့်ခြေထောက်နဲ့ကိုယ်သွားပြီး အခုမှ ပြန်မလာတတ်ရအောင် သူက ကလေးလည်းမဟုတ်...။ မနေ့ကကိစ္စကြောင့်ဆိုရင်တော့ သူ့ဘက်ကမရိုးသားလို့ပဲ...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 27
Start from the beginning
