မျက်လုံးလေးနှစ်ဖက်ကို လက်ဖဝါးနုနုလေးနဲ့ ပွတ်သပ်နေတာကြောင့် ဖမ်းဆွဲကာတားလိုက်တော့ မျက်နှာလေးက ငိုမဲ့မဲ့ဖြင့်...။
"ဖေ့~~အင့် ! ဖေ့ဆီတွားမို့"
တစ်ရက်ကလေး သူ့အဖေနဲ့ခွဲရတာနဲ့ လွမ်းတတ်နေတဲ့သားပေါက်စ...။ သူကတော့ ဘယ်လိုနေလဲမသိပေမယ့် သားနဲ့ဂျောင်ကုကတော့ သူမရှိရင်မဖြစ်လောက်အောင် သူ့ကိုလွမ်းတတ်နေပြီ...။ ၄လလောက် အတူရှိနေခဲ့တာကြောင့်လားတော့မသိပါ...။
"ဖေဖေက ဖွားဖွားတို့အိမ်ရောက်နေတယ်... ပါပါးကိုစိတ်ဆိုးပြီး အခုထိလဲပြန်မလာဘူး... သားဖေဖေက အရမ်းကလေးဆန်လွန်းတာပဲ"
မွေ့ယာထက် ကားယားလေးအိပ်နေတဲ့သားကို ပွေ့ချီကာပေါင်ပေါ်တင်ရင်း စိတ်ထဲရှိသမျှကို ထုတ်ပြောနေမိသည်...။ ဂျောင်ကုက သဘောမကျရင်မကျတဲ့အကြောင်း ဒဲ့ပြောလိုက်ရမှ...။ စိတ်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြောလိုက်မှ နေသာထိုင်သာရှိသွားတာ...။
ဘေးနားမှာ ကလေးအဖေလေးသာရှိနေရင် ဂျောင်ကုရဲ့ဒေါသတွေ ပုံချမိမှာတော့အမှန်ပဲ...။ တစ်ခါတစ်လေကျပြန်တော့လည်း သူကသိပ်သနားဖို့ကောင်းတယ်...။ သားကိစ္စ၊ ဂျောင်ကုကိစ္စအပြင် သူ့အလုပ်ကိုပါမဟစ်လင်းရအောင် အကွက်စေ့လုပ်နေရတော့ သူလည်းပင်ပန်းနေမှာပဲလေ...။
ဂျောင်ကုက သူ့ကိုနားမလည်ပေးနိုင်တာမဟုတ်ပါဘူး...။ လက်မခံနိုင်တဲ့ အကြောင်းအရာတစ်ခုကြောင့်သာ အခုလိုတွေဖြစ်နေရတာ...။ တကယ်တော့သူက တကယ်ကိုပြီးပြည့်စုံနေပြီးသား လူတစ်ယောက်ပါလေ...။ အိမ်ထောင်တစ်ခုကို ဘယ်လိုထိန်းချုပ်ကိုင်တွယ်ရမလဲ သူနားလည်တယ်...။
တစ်ခါတစ်လေ ကလေးဆန်တာလေးကတော့ ခြွင်းချက်ပေါ့...။ အဲ့ဒီအကျင့်ကလည်း ဂျောင်ကုသတိထားမိသလောက်ပြောရရင် ကိုယ့်ရှေ့မှာပဲ သူဒီလိုနေထိုင်ဖူးတာ...။ ကျန်တဲ့အချိန်တွေမှာ တကယ်ကိုရင့်ကျက်တည်ငြိမ်တဲ့ ယောကျ်ားတစ်ယောက်ပါပဲ...။ နူးနူးညံ့ညံ့လေးကိုမှ ဂျောင်ကုကတစ်ခါတစ်လေ စိတ်အလိုမကျရင် အနိုင်ကျင့်မိတာတွေရှိသေးသည်...။
တကယ်ဆိုအသားမထိပါဘူးလို့ စစ်ကြေငြာပြီး အပြောနဲ့အလုပ်မညီတာက ဂျောင်ကု...။ သူ့ကိုမြင်လိုက်တာနဲ့ ပွေ့ဖက်နမ်းရှုံ့ချင်စိတ်တွေက ထိန်းမရ...။ ကိုယ်သင်းရနံ့လေးက ယောကျ်ားဆန်တဲ့ဘက်မသွားဘဲ ချိုချိုအီအီရနံ့လေးမို့ အဲ့ဒီအနံ့လေးတွေရတိုင်း ကိုယ့်စိတ်တွေလန်းဆန်းသွားတတ်တာ စတွေ့တဲ့အချိန်ထဲကဖြစ်သည်...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 27
Start from the beginning
