မိန်းမတွေလို မူယာမာယာများနေတာမျိုးလည်းမဟုတ်...။ သူ့ပင်ကိုသဘာဝလေးကိုက နူးညံ့သိမ်မွေ့နေတာ...။ မေမေ့နီးပါး ဂျောင်ကုကို ဂရုစိုက်တတ်သလို နွေးထွေးမှုတွေလည်းပေးသည်...။ တစ်ခါတစ်လေ အခန့်မသင့်လို့ ရန်ဖြစ်ကြရင်တောင် သူ့ဘက်က အမြဲအလျော့ပေးခဲ့တာကြီးပဲ...။

အဲ့ဒီအချက်တွေကြောင့် မေမေက သူ့ကိုသဘောကျတာလားတော့ မပြောတတ်ပါ...။ သူ့မှာအရာအားလုံး ပြီးပြည့်စုံနေပြီးသားဆိုပေမယ့် ကလေးတစ်ယောက်အဖေဆိုတဲ့ ခေါင်းစဉ်ကိုတော့ ဂျောင်ကုအခုထိ လက်ခံပေးလို့မရသေးဘူး...။ သားကို မကြည်ဖြူတာမဟုတ်ပေမယ့်လို့ အိမ်ထောင်ဆက်ရှိခဲ့ဖူးတဲ့သူကို သိပ်သဘောမကျ...။

ဂျောင်ကုက ဘာနေနေ အမြဲတမ်းထိပ်ဆုံးရောက်နေရမှ...။ သူသာ လူပျိုလူလွတ်ဆိုရင် ဂျောင်ကုဒီလိုတွေတောင် တွေဝေနေမှာမဟုတ်ဘူး...။ မလွှတ်တမ်းဖက်တွယ်ချင်စရာ ကောင်းလှတဲ့သူတစ်ယောက်ဖြစ်သလို ဂျောင်ကုအပေါ်လည်း အများကြီးအနစ်နာခံရှာတာ...။ သူသာအဲ့ဒီလိုကိစ္စတွေမဖြစ်ခဲ့ရင် ဂျောင်ကုသူ့ကို ချစ်နေမိမှာအသေအချာပဲ...။

ပြီးတော့ ငွေမျက်နှာတစ်ခုတည်းနဲ့ သူတို့သားကို ကိုယ့်လက်ထဲထိုးထည့်ပေးခဲ့တဲ့ သူ့မိဘတွေကိုလည်း ဂျောင်ကုအခုထိမကြည်ပါ...။ မင်္ဂလာဆောင်ပြီးတဲ့နေ့ကစလို့ သူတို့သားမဟုတ်တော့တဲ့အတိုင်းပဲ တစ်ချက်မေးဖော်လေးတောင်မရ...။ လက်ထပ်ပြီးသွားလို့ သူတို့မပိုင်တော့ဘူးဆိုပေမယ့် ကင်မ်ထယ်ယောင်းက သူတို့ရဲ့သားအရင်းပဲလေ...။

သူ့ဘက်ကတော့ ဘယ်လိုစိတ်ဖြစ်လဲမသိပေမယ့် ဂျောင်ကုကတော့ သူ့နေရာမှာ အားမလိုအားမရ...။ သေချာစဉ်းစားကြည့်ရင် အပေါင်ပစ္စည်းတစ်ခုလို သူတို့သားကို ထိုးအပ်လိုက်သလိုမျိုးဖြစ်နေတာ...။

ဂျောင်ကုဘယ်လောက်ထိ အတွေးလွန်သွားလဲဆို ကုမ္ပဏီရှေ့ရောက်မှသိတဲ့အဖြစ်...။ အဲ့ဒီလိုပဲ ကလေးအဖေလေးအကြောင်းတွေးမိတာနဲ့ ဂျောင်ကုမှာ အမြဲတမ်း စိတ်နဲ့လူနဲ့မကပ်တော့...။

ချစ်နေလားဆိုတော့လည်း ဂျောင်ကုအခုထိ ကိုယ့်စိတ်ကိုပြန်ပြီး မဆန်းစစ်ရသေးဘူး...။ ချစ်ဖို့အကြောင်းတရားတွေ ဖြစ်နေခဲ့မယ်ဆိုရင်တောင် သေချာတယ် ဂျောင်ကုရူးနေလို့...။ ရူးနေလို့ သူ့ကိုပြန်ချစ်မိသွားတာပဲဖြစ်မှာ...။

~~STRING~~ (Completed)Kde žijí příběhy. Začni objevovat