"ဒီတစ်ညတော့ ကျုပ်ပဲခေါ်သိပ်လိုက်ပါ့မယ်... အကျင့်ဖြစ်သွားတော့ သားက သူ့ပါပါးနဲ့ခွဲချင်မှာမဟုတ်ဘူး"

ကလေးကိုချီပြီး ကိုယ့်ရှေ့ကထွက်သွားတဲ့သူကြောင့် တစ်ယောက်တည်းငူငူငိုင်ငိုင်ဖြင့် ကျန်ခဲ့ရပြန်သည်...။ ဒီတစ်ညလည်း ထယ်ယောင်းတစ်ယောက်တည်း အိပ်ရဦးမှာပေါ့လေ...။

~~~~~~STRING~~~~~~

ဒီတစ်ညတော့ ခေါ်သိပ်လိုက်ပါမယ်လို့ပြောပြီးထဲက သားကိုအပိုင်စီးပြီး တစ်ပတ်လုံးခေါ်သိပ်နေတဲ့ ဂျွန့်ကို ထယ်ယောင်းစိတ်ဆိုးလာသည်...။ တစ်ဆက်ထဲမှာပဲ စိတ်မကောင်းလည်းဖြစ်ရပြန်သည်...။ မွေးကင်းစကနေစလို့ ဒီအရွယ်ထိကိုယ့်လက်ပေါ်ကြီးပြင်းလာတဲ့ကလေးကို တစ်ပတ်တိတိခွဲနေရတော့ ဘယ်သူမဆိုစိတ်မကောင်းဖြစ်မိမှာပဲ...။ ပြီးတော့ တစ်ယောက်တည်းအိပ်ရတော့ တစ်ခါတစ်လေအထီးကျန်ပြီး ကြောက်စိတ်လည်းဝင်တယ်...။

မနေ့ညကဆို တစ်ညလုံးအိပ်လို့ပင်မပျော်...။ ဂျွန်ကလည်း အခုရက်ပိုင်း ထယ်ယောင်းထက် သားကိုပိုအလေးပေးလာပြီး ထယ်ယောင်းကို ရှိတယ်လို့ပင်မထင်တော့...။ သားကလည်း အရင်လိုထယ်ယောင်းကိုသိပ်မကပ်တော့တာ ဂျွန်အတူခေါ်အိပ်ပြီးတဲ့ အချိန်ကစလို့ဖြစ်သည်...။

တစ်ခါတစ်လေ တွေးမိပြီးစိတ်မကောင်းဖြစ်ရသည်...။ အဲ့ဒါကြောင့် ဂျွန်ကပြောတာ...။ ထယ်ယောင်းက ကလေးလိုပဲတဲ့...။ အမြဲငိုတတ်တယ်ဆိုတာ ချော့မယ့်သူရှိလို့ဒီလိုဖြစ်နေရတာ...။ ထယ်ယောင်းက မေမေတို့အိမ်မှာဆို အမြဲသန်မာချင်ယောင်ဆောင်ပြီး ကိုယ့်ကိုယ်ကို အားတင်းပြီးနေခဲ့ရတာ...။ ထယ်ယောင်းငိုလည်း အရေးတယူဂရုစိုက်ပေးမယ့်သူမရှိ...။

ဒီအိမ်မှာနေတယ်ဆိုပေမယ့် တစ်ခါတစ်လေ မေမေတို့ကိုလည်း သတိရသည်...။ မင်္ဂလာဆောင်ပြီးထဲက တစ်ရက်ပဲတွေ့ရသေးတာ...။ ဂျွန်နဲ့ဆို စကားတောင် ပြောဖူးကြရဲ့လားပင်မသိ...။ ဒီနေ့တော့သားကိုခေါ်ပြီး အိမ်ခဏပြန်ရမည်...။

မနက်စာပြင်နေတုန်းမှာပဲ သားရဲ့တီတီတာတာ အသံလေးတွေက ဧည့်ခန်းဘက်ကနေ ပျံ့လွင့်လို့လာသည်...။

"ဖေဖေ့ဆန်လုံးလေး နိုးလာပြီပဲ"

ဂျွန်က ထယ်ယောင်းကိုတစ်ချက်ကြည့်ရင်း ခုံပေါ်ဝင်ထိုင်ကာ ကော်ဖီတစ်ခွက်ကို ငှဲ့သောက်လို့နေသည်...။ သားကတော့ သူ့ပါပါးကိုမော့ကြည့်လိုက် ထယ်ယောင်းကိုမော့ကြည့်လိုက်ဖြင့်...။

~~STRING~~ (Completed)Where stories live. Discover now