ရုတ်တရက်ဆတ်ကနဲခေါင်းထောင်ကာ ထယ်ယောင်းရဲ့မျက်နှာကို တည့်တည့်ကြည့်လာတဲ့ ဂျွန့်ရဲ့အကြည့်တွေဟာ တပ်မက်မှုအပြည့်ဖြင့်...။

"ကိုယ်~~လိုချင်တယ် !"

ဂျွန်နဲ့အကြည့်ချင်းမဆုံရဲတော့တဲ့အထိ ထယ်ယောင်းရှက်သွားရသည်...။ ဘာကြောင့်များ မထွက်တဲ့အရာကို တမ်းတနေရပါသလဲ စဉ်းစားလို့ပင်မရ...။

"ဟင့်အင်း~~ဂျွန့်ကိုကြောက်တယ်... ပြီးရင်အဆင့်တက်လာတော့မှာ... ကိုယ်အခုမှ နေကောင်းကာစပဲရှိသေးတာ... အဲ့လိုကြီးထိ မဖြည့်ဆည်းပေးနိုင်သေးဘူး"

"ဘယ်သူကအဲ့လောက်ထိလုပ်မှာလဲ... မပေးချင်လဲရတယ် အတင်းမတောင်းဘူး... ကျုပ်သာလိုချင်ရင် ခွင့်တောင်းနေစရာတောင်မလိုဘူး... ချက်ချင်းအိပ်ယာပေါ် ခေါ်သွားလိုက်လို့ရတယ်"

ပြောပြီးထွက်သွားဖို့ပြင်နေတဲ့သူဟာ စိတ်ဆိုးသွားပုံပါပဲ...။ အခုမှပြေလည်ကာစပဲရှိသေးတယ် ဒီကိစ္စကြောင့်ထပ်ပြီး ပြဿနာထပ်မတက်ချင်ဘူး...။ ဘာမှမဟုတ်တာလေးနဲ့ ထယ်ယောင်းကလည်း ထယ်ယောင်းပဲ...။

ကိုယ့်ကိုမျက်နှာချင်းဆိုင်အနေအထားမှ ကျောခိုင်းကာထွက်သွားဖို့ ပြင်နေတဲ့သူရဲ့အင်္ကျီစအား လှမ်းဆွဲကာတားလိုက်တယ်...။

"ဘာလဲ~~ဘာထပ်ဖြစ်ပြန်ပြီလဲ !"

"ကိုယ့်ကိုအဲ့လိုကြီးထားမသွားနဲ့
ဂျွန်စိတ်ဆိုးတာကိုကိုယ်မမြင်ချင်ဘူး"

ကိုယ့်အင်္ကျီစကိုဆွဲထားရင်းမှ ငိုသံပါနဲ့ပြောနေတဲ့ ကလေးအဖေလေးကြောင့် အနောက်သို့ပြန်လှည့်ကာ မျက်နှာချင်းဆိုင်စေလိုက်သည်...။

"လိုချင်တာကျမပေးပဲ စိတ်ဆိုးတာကျ မမြင်ချင်ဘူးလုပ်နေတယ်... ကျုပ်ကိုခဏခဏ လူဆိုးဖြစ်အောင်လုပ်ပြီးရင် ကလေးလိုငိုပြဦးမယ်"

"ဘယ်~~ဘယ်သူက မပေးဘူးပြောလို့လဲ"

"တကယ်ပေးနိုင်လို့လား !"

"အင်း~~ဟိုအထိပဲနော်"

"ဘယ်အထိလဲ !"

တမင်ညစ်ကာမေးလိုက်တော့ မျက်နှာလေးရဲတက်လာလိုက်တာ သူသာစတော်ဘယ်ရီသီးလေးဆို ဂျောင်ကုဝါးစားပစ်လိုက်လို့ အပေါ်ခွံတောင်ကျန်မယ်မထင်...။

~~STRING~~ (Completed)Where stories live. Discover now