"မ~~မလုပ်နဲ့ !"

"ဘာဖြစ်လို့လဲ !"

နားဖျားလေးနားကပ်ကာ တိုးဖွဖွပြောလာတဲ့ ဂျွန့်နှုတ်ဖျားက ထွက်ကျလာတဲ့အသံထဲ တပ်မက်မှုတစ်စုံတစ်ရာပါမှန်း ထယ်ယောင်းနားလည်လိုက်ပါသည်....။

"မ~~မနေတတ်ဘူး
ပြီးတော့~~ရှက်တယ်"

"ကိုယ့်ယောကျ်ားပဲဟာ ရှက်စရာမလိုပါဘူး"

ထယ်ယောင်း သေသာသေလိုက်ချင်တော့သည်...။ ကိုယ့်စကားကိုအထအနကောက်ကာ အသားယူလွန်းမက ယူနေတော့တာပဲ...။ ဗိုက်သားရှပ်ရှပ်ပေါ်ပြေးလွှားနေတဲ့ ဂျွန့်ရဲ့လက်အစုံဟာ တရွေ့ရွေ့နဲ့အပေါ်သို့တက်လာတာကြောင့် အေးနေတဲ့ရာသီဥတုမှာတောင် ထယ်ယောင်းရဲ့စိတ်တွေဟာ ပူလောင်လို့လာရသည်...။

"ဟင့်~~ဂျွန် !"

ဂျောင်ကုသိပ်သိတာပေါ့ ကလေးအဖေလေးရဲ့ အထိမခံနိုင်တဲ့နေရာတွေကို...။ ခပ်ဖောင်းဖောင်း ရင်အုပ်ကလေးတစ်ဖက်ကို ဆွဲဆုပ်ကာဖျစ်ညှစ်လိုက်တော့ သူ့ဆီကနေ ညည်းသံလေးတစ်ချို့ ထွက်ကျလို့လာသည်...။

"ဘာဖြစ်လို့လဲ ! ဂျွန်က ဘာလုပ်မိလို့လဲ"

"ဖယ်ပေးတော့... သားဆီသွားမလို့"

လက်ကိုအတင်းဆွဲထုတ်နေတာကြောင့် လွတ်နေတဲ့လက်တစ်ဖက်နဲ့ သူ့မျက်နှာလေးကို ဆွဲညှစ်လိုက်တော့ နှုတ်ခမ်းလေးက ဆူထွက်လို့လာသည်...။

"မသွားရပါဘူး... ကိုယ့်ယောကျ်ားဘာဖြစ်ချင်သလဲ တစ်စက်မှမမေးဘူး... အားနေရင်သားကိုပဲ ဂရုစိုက်နေတယ် "

"ဂျွန်က ဘာဖြစ်ချင်တာလဲ
နမ်းလဲနမ်းပြီးနေပြီကို"

"နမ်းလို့မှမဝသေးတာ !"

"ဟင် !!"

ထယ်ယောင်းရဲ့ပခုံးပေါ်ကို မျက်နှာအပ်ချကာ ပါးပြင်ပေါ်သို့ ပွတ်သပ်ထိတွေ့လာတဲ့ ဂျွန့်ရဲ့လက်တွေဟာ အေးစက်လို့နေပေမယ့် ထယ်ယောင်းအတွက်တော့ နွေးထွေးလို့နေသည်...။

"ဒီလိုမနေရတာတောင်ကြာနေပြီ"

ဆစ်ကနဲနာကျင်မှုနဲ့အတူ လည်ပင်းပေါ်သို့ကျရောက်လာတဲ့ နှုတ်ခမ်းတစ်စုံဟာ သွေးဆာနေသည့်အလား...။ သွားဖြင့်တတိတိလိုက်ကိုက်နေရာမှ လျှာဖြင့်လျှက်လိုက်တဲ့ အထိအတွေ့ကြောင့် ရင်ထဲလှပ်ခနဲခုန်၏...။

~~STRING~~ (Completed)Место, где живут истории. Откройте их для себя