နှုတ်ခမ်းပါးစိုရဲရဲလေးဟာ ဂျောင်ကုလက်ချက်ကြောင့် အောက်ဘက်ထောင့်နားလေးမှာ သွေးပင်စို့လို့နေ၏...။

"ဒီနှုတ်ခမ်းလေးက ဆူထွက်လာတိုင်း ကျုပ်အသည်းယားတာ ခင်ဗျားသိလား... ဘာဖြစ်လို့မှန်းမသိဘူး အဲ့လိုဖြစ်တိုင်း ခဏခဏနမ်းချင်တဲ့စိတ်တွေ ဖြစ်လာတာ"

ဂျွန်က အဲ့လိုကြီးပြောလာတော့ ထယ်ယောင်းမှာ ပိုပြီးအရှက်သည်းရသည်...။ နူးနူးညံ့ညံ့စကားတွေ ပြောလာတဲ့အခါတိုင်း ထယ်ယောင်းအခုထိ နေသားမကျဖြစ်နေရဆဲ...။

တစ်ဆက်ထဲမှာပဲ  ဂျွန့်ကိုပိုပြီးချစ်လာတာ...။ ဘယ်လောက်ပဲအမှားတွေလုပ်လုပ် ဒီယောကျ်ားကိုဆို ထယ်ယောင်းအပြစ်မမြင်ရက်ဘူး...။ ဂျွန်က ထယ်ယောင်းရဲ့ ပထမဦးဆုံးနဲ့နောက်ဆုံးသောသူပဲ...။ ဘဝမှာပထမဆုံးဖြစ်တည်လာတဲ့ ချစ်ခြင်းတွေဟာ ဂျွန်ဂျောင်ကုဆိုတဲ့ လူသားတစ်ယောက်အတွက်ပဲ...။

"ဘာလို့အဲ့လောက်ထိငေးနေတာလဲ"

"ကိုယ်ယောကျ်ားကိုယ်ကြည့်တာဘာဖြစ်လဲ... ဂျွန်တောင် ကိုယ့်ကိုနမ်းသေးတာပဲ... ကိုယ်ကကြည့်ခွင့်တောင်မရှိဘူးလား"

အဲ့လိုအထိမခံပြန်ရန်တွေ့တာကိုက ကလေးအဖေလေးရဲ့ ချစ်ဖို့ကောင်းမှုတွေထဲက တစ်ခုကိုဖြစ်နေတော့တာ...။

"ကြည်ပါဗျာ... ကြည့်ခွင့်ရှိပါတယ်... တစ်ကိုယ်လုံးကြည့်ချင်လဲရတယ်... ကြည့်မလား အသေးစိတ်ပြပေးမယ်လေ... ဘယ်နေရာမှာဘာရှိတာကအစ သိရအောင်လို့"

"မ~~မသိချင်ပါဘူး
ဂျွန်နော် ပေါက်ကရတွေမလုပ်နဲ့"

လက်ကိုဆတ်ကနဲဆောင့်ဆွဲကာ ရင်ဘတ်ပေါ်တင်ပေးလာတဲ့ ဂျွန်ကြောင့် ထယ်ယောင်းရှက်လာသည်...။ ထယ်ယောင်းက ဂျွန်နဲ့ပတ်သတ်လာရင် အရှက်သည်းနေရစမြဲ...။

"ပြောတော့ကိုယ့်ယောကျ်ားကိုယ်ကြည့်တာဆို ဒါကျမသိချင်တော့ဘူးလား... ကလေးအဖေလေးက မသိချင်ပေမယ့် ကျုပ်က ကလေးအဖေလေးနဲ့ပတ်သတ်ရင် သိထားတာတွေမှအများကြီး "

ရုတ်တရက် အင်္ကျီအောက်တိုးဝင်လာတဲ့ အေးစက်စက်လက်ဖျားရဲ့ အထိအတွေ့ကြောင့် ကြက်သီးလေးတွေဖျန်းကနဲ...။ ဗိုက်သားချပ်ချပ်ပေါ် ထိတွေ့ကာပွတ်သပ်နေတာကြောင့် သူ့လက်ကိုဖမ်းဆွဲကာ တားလိုက်ရသည်...။

~~STRING~~ (Completed)Where stories live. Discover now