ကလေးတစ်ယောက်အဖေလို့ပြောရင် ယုံချင်စရာမရှိ...။ ဒီလိုနူးနူးညံ့ညံ့၊ ထုံထုံအအ လူတစ်ယောက်က မိန်းမယူပြီးကလေးရသွားတာ သိပ်ကိုအံ့သြဖို့ကောင်းလွန်းသည်...။

"မသိရင် သိအောင်သက်သေပြပေးမယ်"

"ဂျွန် !! အွတ်~~အွန်း "

နှုတ်ခမ်းချင်းဖိကပ်ပြီး စုပ်ယူခြင်းခံလိုက်ရတာကြောင့် ထယ်ယောင်းမှာ အသံပင်ထပ်မထွက်နိုင်တော့...။ အောက်နှုတ်ခမ်းကနေ ဆစ်ကနဲနာကျင်မှုကြောင့် အသံထွက်မိတော့သည်...။ အဲ့ဒီခ‌ဏမှာပဲ အတွင်းထဲတိုးဝင်လာတဲ့ လျှာဖျားရဲ့နွေးထွေးမှုကြောင့် ဂျွန့်ရဲ့ခါးကို တင်းကျပ်စွာသိုင်းဖက်မိတော့သည်...။

"ပြွတ် ~ !"

လျှာဖျားချင်းပွတ်တိုက်မှုကနေ ထွက်ပေါ်လာတဲ့အသံကြောင့် နမ်းနေရင်းနဲ့ ဂျောင်ကုတစ်ချက်ပြုံးမိသွားရသည်...။ ကလေးအဖေလေးက ခဏလေးနဲ့အတတ်မြန်သားပဲ...။ ကိုယ့်ကိုတုံ့ပြန်နမ်းလာတဲ့ နှုတ်ခမ်းပိစိလေးရဲ့ ကျွမ်းကျင်မှုကြောင့် ဂျောင်ကုမှာ လွှတ်ပေးချင်စိတ်မရှိလောက်အောင်ထိ တပ်မက်နေမိသည်...။

"ပြွတ် !"

"ဟင်း~~!"

အဆုံးသတ်မှာ တစ်ချက်ဆွဲစုပ်ကာ လွှတ်ပေးလိုက်တော့ သူက ကိုယ့်ပခုံးပေါ်မေးလေးတင်ကာ အသက်ကိုခပ်ပြင်းပြင်းလေး လုရှူနေရသည်...။ ခါးကိုသိုင်းဖက်ထားတဲ့ လက်ကလေးတွေဟာ အခုထိတင်းကျပ်လို့နေဆဲ...။ အနီးကပ်အနေအထားဖြစ်တဲ့အပြင် ကိုယ့်ရင်ခွင်ထဲ ခိုဝင်နေတဲ့သူနဲ့ကိုယ့်ကြားမှာ ကြားလေပင်တိုးမပေါက်...။

စီးချက်ကျကျ တဒုတ်ဒုတ်မြည်နေတဲ့ရင်ခုန်သံတချို့ဟာ သူ့ဆီကနေလား ကိုယ့်ဆီကနေလားတော့မသဲကွဲ...။ သေချာသည်က ဂျောင်ကုနှုတ်ခမ်းထက်မှာ အပြုံးတစ်ပွင့် ဖြစ်ထွန်းခဲ့တာပဲဖြစ်သည်...။

မျက်နှာချင်းဆိုင်အနေအထားဖြစ်အောင် ပခုံးနှစ်ဖက်ကနေဆုပ်ကိုင်ကာ မျက်နှာချင်းဆိုင်စေတော့ ကလေးအဖေလေးမျက်နှာဟာ နီရဲလျှက်...။ မျက်လွှာချထားပေမယ့် မျက်တောင်တို့က တဖျတ်ဖျတ်လှုပ်ခတ်လျှက် စိတ်လှုပ်ရှားနေမှန်းသိပ်သိသာသည်...။

~~STRING~~ (Completed)Where stories live. Discover now