"ပါးလေးတွေဖောင်းလာသလိုပဲ... အရင်ကထက် ပိုဝလာသလားလို့... နေမကောင်းဖြစ်ပြီး နောက်ပိုင်းမှလေ"

နှုတ်ခမ်းတလျောက်ခပ်ဖွဖွတို့ထိနေရာမှ ပါးပြင်ဘက်သို့ပွတ်သပ်ကာ ဆွဲလိမ်လိုက်တဲ့ဂျွန်ကြောင့် ထယ်ယောင်းစိတ်ဆိုးချင်လာသည်...။

"နာတယ် ဂျွန်ရဲ့... ကိုယ်က ဂျွန်မွေးထားတဲ့သားလေး မဟုတ်ဘူး... လူကို ကလေးလိုမဆက်ဆံနဲ့... ကိုယ်မကြိုက်ဘူး !"

ကလေးအဖေလေးက စိတ်ဆိုးတဲ့အခါတိုင်း သူလုပ်နေကျ အကျင့်လေးတစ်ခုရှိတယ်...။ အဲ့ဒါက ရှေ့နှုတ်ခမ်းလေး ဆူထော်လာတတ်တာပဲ...။

"အာ့ !"

ပြောနေရင်းနဲ့တောင်မှ ဂျွန်က စကားနားမထောင်တဲ့အပြင် ထယ်ယောင်းရဲ့နှုတ်ခမ်းလေးကို ထပ်ပြီးဆွဲလိမ်လိုက်တာကြောင့် နာလို့အသံထွက်ကာ အော်မိတော့သည်...။

"ကလေးလိုမဆက်ဆံစေချင်ရင် ကလေးကလားတွေမလုပ်နဲ့ပေါ့... နှုတ်ခမ်းက ကျုပ်မျက်နှာကိုတောင် တက်ချိတ်တော့မယ် သိရဲ့လား"

"ဂျွန်က ကိုယ့်ကိုလာအပြစ်တင်နေတာကိုး... အကြီးကိုအကြီးမှန်းမသိ အလျော့ပေးလို့ရတိုင်း လူကိုအမျိုးမျိုးအနိုင်ကျင့်နေတာ"

သူပြောတာဟုတ်လည်းဟုတ်ပါသည်...။ ခဏခဏစိတ်မကောင်းဖြစ်အောင် လုပ်မိတဲ့အပြင် တစ်ခါတစ်လေ အသည်းယားလွန်းလို့ စိတ်လိုလက်ရ လုပ်မိတာတွေလည်းရှိသည်။ ဘယ်သူကမှတော့ ကိုယ်မုန်းတဲ့သူကို ဒီလိုအပြုအမူတွေလုပ်မှာတဲ့လဲ...။ အချစ်လို့ ခေါင်းစဉ်တပ်လို့မရပေမယ့် ကင်မ်ထယ်ယောင်းဟာ ဂျောင်ကုရဲ့စိတ်ကို အပိုင်စားယူလာခဲ့တာ လက်ထပ်ပြီးတဲ့ အချိန်ကစလို့ဖြစ်သည်...။

"အနိုင်မကျင့်စေချင်ရင် ခဏခဏအသည်းယားအောင်မလုပ်နဲ့ပေါ့"

"ကိုယ်ဘာလုပ်မိလို့လဲ !"

"ကိုယ့်ကိုယ်ကိုတောင်မသိဘူးလား"

ဂျောင်ကုရဲ့အမေးကို ခေါင်းလေးခါရမ်းကာ အပြစ်ကင်းတဲ့မျက်နှာလေးနဲ့ ပြန်ဖြေနေတာ...။ သူကအဲ့လိုလုပ်ပြတော့ ဘယ်သူကနေနိုင်မှာတဲ့လဲ...။ တမင်သပ်သပ်လုပ်ယူထားတဲ့ အပြုအမူမျိုးမဟုတ်မှန်း ဂျောင်ကုသိပါသည်...။ အဲ့လိုမသိနားမလည်တဲ့ ပုံစံလေးဖြစ်နေတာကိုက အသည်းယားဖို့ကောင်းတာ...။

~~STRING~~ (Completed)Where stories live. Discover now