ကိုယ့်ကိုမျက်နှာချင်းဆိုင်အနေအထားမှ ကျောခိုင်းကာထွက်သွားဖို့ ပြင်နေတဲ့သူရဲ့အင်္ကျီစအား လှမ်းဆွဲကာတားလိုက်တယ်...။
"ဘာလဲ~~ဘာထပ်ဖြစ်ပြန်ပြီလဲ !"
"ကိုယ့်ကိုအဲ့လိုကြီးထားမသွားနဲ့
ဂျွန်စိတ်ဆိုးတာကိုကိုယ်မမြင်ချင်ဘူး"
ကိုယ့်အင်္ကျီစကိုဆွဲထားရင်းမှ ငိုသံပါနဲ့ပြောနေတဲ့ ကလေးအဖေလေးကြောင့် အနောက်သို့ပြန်လှည့်ကာ မျက်နှာချင်းဆိုင်စေလိုက်သည်...။
"လိုချင်တာကျမပေးပဲ စိတ်ဆိုးတာကျ မမြင်ချင်ဘူးလုပ်နေတယ်... ကျုပ်ကိုခဏခဏ လူဆိုးဖြစ်အောင်လုပ်ပြီးရင် ကလေးလိုငိုပြဦးမယ်"
"ဘယ်~~ဘယ်သူက မပေးဘူးပြောလို့လဲ"
"တကယ်ပေးနိုင်လို့လား !"
"အင်း~~ဟိုအထိပဲနော်"
"ဘယ်အထိလဲ !"
တမင်ညစ်ကာမေးလိုက်တော့ မျက်နှာလေးရဲတက်လာလိုက်တာ သူသာစတော်ဘယ်ရီသီးလေးဆို ဂျောင်ကုဝါးစားပစ်လိုက်လို့ အပေါ်ခွံတောင်ကျန်မယ်မထင်...။
"ဂျွန်~~ဂျွန်ကလဲ
ရှက်ပါတယ်ဆိုနေ !"
"ဘာရှက်စရာလိုလဲ ကိုယ့်ယောက်ျားပဲဟာ... ဒီ့ထက်ဆိုးတဲ့အခြေအနေတောင် ကျူးလွန်ခဲ့ကြပြီးပြီကို"
"မပြောပါနဲ့~~ကိုယ်ရှက်လို့"
ဟုတ်တယ်... ထယ်ယောင်းက ဂျွန်နဲ့ပတ်သတ်လာရင် အထိအတွေ့ကအစ တိမ်းမူးသလို အခုလိုအပြောအဆိုတွေကြား ကျင့်သားမရနိုင်ဖြစ်နေရဆဲ...။ ယောက်ျားချင်းမို့ ရှက်စရာမရှိပေမယ့် ဂျွန်ဖြစ်နေလို့ကို ထယ်ယောင်းရှက်သည်...။
"ပြပါဦး ရှက်နေတဲ့မျက်နှာလေးကို"
အရှက်သည်းနေတဲ့ မျက်နှာလေးကို လက်ဖဝါးနှစ်ဖက်ဖြင့်အုပ်ကိုင်ကာ နဖူးလေးကိုနမ်းတော့ သူကမျက်လုံးတွေမှိတ်ထားရင်း ကိုယ့်အနမ်းကိုလက်ခံလေသည်...။
နှုတ်ခမ်းပိစိလေးကို အသံမြည်အောင်စုပ်နမ်းပြီး ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို တရှုံ့ရှုံ့လိုက်နမ်းတော့ သူ့လက်တွေဟာ ကိုယ့်ခါးကိုတင်းကျပ်စွာ သိုင်းဖက်လျှက်သား...။ အင်္ကျီအောက်လက်လျှိုဝင်ကာ ခန္တာကိုယ်အနှံ့ပွတ်သပ်ထိတွေ့တော့ တုန်တက်သွားတဲ့ခန္တာကိုယ်လေးကြောင့် တစ်ချက်ရယ်မိသွားသည်...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 25
Start from the beginning
