ငိုယိုပြီး လှစ်ကနဲနေအောင် အိမ်ရှေ့ပြေးထွက်သွားတဲ့ ကလေးအဖေလေးနောက်ကို သူလိုက်လည်းမခေါ်ဖြစ်တော့...။ ဒီရက်ပိုင်း အလုပ်ကိစ္စကြောင့် စိတ်ရှုပ်နေရတဲ့ကြားထဲ သူနဲ့ပါပြဿနာထပ်ဖြစ်ရပြန်သည်...။ ဂရုစိုက်ပေးချင်ပေမယ့် သားကလည်း ကိုယ့်နားကိုကပ်လွန်းသည်...။ နေ့လည်နေ့ခင်း ကိုယ်မရှိမှသာ သူ့အဖေနားကပ်တာ...။ ပြန်လာတာနဲ့ ကိုယ့်လက်ပေါ်ကမဆင်းတော့...။

ကိုယ့်မှာသူ့ကို ပွေ့ဖက်ချင်တာတောင် အချိန်မရ...။ ကိုယ်ကလည်း ကိုယ်ပဲ...။ သူနဲ့ပတ်သတ်ရင် စကားအကောင်းပြောချင်ပေမယ့် ကိုယ့်စိတ်ကိုမထိန်းနိုင်တော့ အခုလိုမဖြစ်ချင်တာတွေ ထပ်ဖြစ်ရပြန်ရော...။ ညနေပြန်လာမှပဲ စိတ်လိုလက်ရ ချော့လိုက်ပါတော့မည်...။

.........................To Be Continued







(Zawgyi)

ထယ်ယောင်းကိုယ်လေးကို စွေ့ကနဲမချီကာ bar တန်းကခုံပေါ်တင်လိုက်တဲ့ ဂျွန်ရဲ့လုပ်ရပ်ကြောင့် ထယ်ယောင်းမှာ ပါးစပ်အဟောင်းသားဖြင့်...။

မျက်နှာချင်းဆိုင်အနေအထားဖြစ်တဲ့အပြင် ဂျွန့်ရဲ့စူးရှ ပြီးရဲတင်းလွန်းတဲ့ အကြည့်တွေကြောင့် ထယ်ယောင်းတစ်ကိုယ်လုံး ကြက်သီးလေးတွေဖြန်းကနဲ..။

"ဂျွန် သားကတစ်ယောက်တည်း !"

"ရှူး !! နှစ်ယောက်ထဲရှိချင်လို့ ခေါ်ထုတ်လာတာလေ... အဲ့ဒါတွေ ခဏမေ့ထားလို့မရဘူးလား"

ကိုယ့်ရှေ့မှာ အူကြောင်ကြောင်ပုံစံလေးနဲ့ မျက်လုံးလေးပေကလပ် ပေကလပ်ဖြစ်နေတဲ့ ကလေးအဖေလေးရဲ့ပုံစံဟာ ဆွဲပြီးဖျစ်ညှစ်ချင်စရာကောင်းလောက်အောင် အသည်းယားဖို့ကောင်းနေသည်...။

ထပ်ပြီးစကားသံတွေထွက်မလာအောင် နှုတ်ခမ်းစိုရဲရဲလေးပေါ်  ကန့်လန့်ဖြတ်အနေအထားဖြင့် လက်ညှိုးလေးတင်လိုက်တော့ ခပ်ဖွဖွလက်သီးဆုပ်လေးတစ်ခုက ဂျောင်ကုရဲ့ရင်ဘတ်ပေါ်သို့ ကျရောက်လို့လာလေသည်...။

"သားကငယ်သေးတယ်လေ ဂျွန်ကလဲ... ကလေးကိုတစ်ယောက်တည်း ပစ်ထားတာမကောင်းဘူးလို့ထင်တယ်"

"ဒါဆို ကျုပ်ကရော!! ကိုယ့်ယောက်ျားကိုလဲ အချိန်ပေးဦးမှပေါ့... အမြဲတမ်းသားကိုပဲဂရုစိုက်နေတာ ကျုပ်မနာလိုတောင်ဖြစ်လာပြီ "

~~STRING~~ (Completed)Donde viven las historias. Descúbrelo ahora