"ကိုယ်ဒီနေ့ မေမေတို့အိမ်ခဏပြန်မလို့"

"ပြန်လေ~~ပြန်ပေါ့
ခင်ဗျားအိမ်ပြန်တာကျုပ်နဲ့ဘာဆိုင်လဲ"

လေသံမာမာနဲ့ပြောလာတဲ့ ဂျွန်ရဲ့အသံကြောင့် ထယ်ယောင်းစိတ်ထဲထင့်ကနဲ...။ လိုက်ပို့ပေးတာလောက်တော့ လုပ်သင့်တယ်လို့ ထယ်ယောင်းထင်သည်...။ ဘယ်လောက်ပဲ အမြင်မကြည်ဘူးပြောပြော ဂါဝရတရားတော့ရှိသင့်သည်...။

"အဲ့ဒါ သားကိုပါခေါ်သွားမလို့"

"သားကဒီနေ့ ကျုပ်နဲ့ကုမ္ပဏီကိုလိုက်မှာ
ပါပါးနဲ့ လိုက်မယ်မလား သား"

"ရိုက်မှာ !!"

"ဂျွန်အဲ့လို အနိုင်နဲ့မပိုင်းနဲ့
ကိုယ်ခေါ်သွားမယ်လို့အရင်ပြောတာ"

"သားကိုမေးလေ... သားကလိုက်ချင်တယ်ဆိုရင်တော့ ကျုပ်ကထည့်ပေးလိုက်မှာပါ"

"ဆန်လုံးလေး !! ဖေဖေက ဖွားဖွားတို့အိမ် သွားလည်မလို့... ဖေဖေနဲ့သားလိုက်ခဲ့မယ်မလား"

သားကအတန်ကြာအောင်စဉ်းစားနေသည်...။
ပြီးမှ ခေါင်းတွေခါရမ်းကာ~~

"ရိုက်ဖူး~~ရိုက်ဖူး
ပါး~~နဲ့ရိုက်မှာ"

"မလိုက်လို့မရဘူး လိုက်ခဲ့ရမယ်
ဖေဖေ့ကို စိတ်တိုအောင်မလုပ်နဲ့"

ဂျွန့်အနားကိုကပ်သွားရင်း သားကိုဆွဲထုတ်ကာ ချီမယ်လုပ်တော့ သားကအော်ငိုလိုက်တာမှ...။

"ကလေးက မလိုက်ချင်တာကို ဘာဖြစ်နေတာလဲ...!!! သွားချင်ရင်တစ်ယောက်ထဲသွား... ခင်ဗျားမရှိလဲ ကျုပ်တို့သားအဖက နေတတ်တယ်... သွားချင်သပဆိုသွား... မတားဘူး"

လက်ကိုပုတ်ထုတ်လိုက်တာကြောင့် ထယ်ယောင်းမှာ မထိန်းနိုင်တဲ့အဆုံး မျက်ရည်တို့က ပါးပြင်ထက်လှိမ့်ဆင်းလျှက်...။

"သွားမှာပါ... ကိုယ့်ကိုနှင်စရာမလိုပါဘူး... ကိုယ်မရှိလဲ နေတတ်တယ်ဆိုတာသိပြီးသား... ဂျွန်က နှလုံးသားမရှိတဲ့လူ... ကိုယ်နဲ့ပတ်သတ်ပြီး ဘယ်တော့မှနားမလည်ပေးနိုင်မှန်း ကိုယ်သိပါတယ်"

သားကိုချစ်သလို ထယ်ယောင်းကိုလည်း ချစ်ပေးရင်သိပ်ကောင်းမယ်...။ အမြဲတမ်းပဲ ထယ်ယောင်းဘက်ကနေ အလျော့ပေးလာခဲ့ရတာ...။ ဒီတစ်ခါတော့လုံးဝပဲ...။ ကိုယ်မရှိလည်း နေနိုင်တယ်ဆိုတော့ ပြန်မလာဘူး...။ ထယ်ယောင်းလည်းလူပဲ စိတ်ရှိတယ်...။ ခဏခဏအလျော့ပေးရလွန်းလို့ လူကိုအလေးမထားတာ...။

~~STRING~~ (Completed)Where stories live. Discover now