"ချန်ယုံးယေး ဝသေးပူး
ယူဦးမယ် !"

နေ့လည်စာကျွေးပြီး တစ်ရေးနိုးတော့ ညနေစောင်း၄နာရီပင်ရှိနေပြီ...။ ဆောင်းရာသီမို့ စောစောထမင်းကျွေးရတယ်...။ မဟုတ်ရင် ရင်ပြည့်ပြီး ကလေးနေမကောင်းဖြစ်မှာလည်း စိတ်ပူရသေးသည်...။

"ဝသေးပါဘူးချိုနေမှပဲ !"

ဒီကလေးတော်တော် စကားတတ်လာတယ်...။ အရင်က ဘယ်နှစ်ခါများ ထယ်ယောင်းကိုပြန်ပြောဖူးလို့လဲ...။ အထွန့်တက်လာတာကြည့်ပါလား...။ အဲ့ဒါ သူ့ပါပါးကြောင့်...။

"ဆန်လုံးလေး!!! စကားနားမထောင်ရင် ဖေဖေရိုက်မှာနော်"

"အဟင့်~~ပါး !"

တွေ့လား... ထစ်ကနဲရှိတာနဲ့ သူ့ပါပါးကို အားကိုးတတ်နေပြီ...။ မဆံ့မပြဲစားပြီး ဝတိုနေလို့ဂျွန်က ကလေးကိုအလိုမလိုက်ဖို့ပြောထားတာ...။ သနားလို့ထပ်ကျွေးမိရင် ကိုယ်ပဲအပြောခံရတာ...။ ပြီးရင်သူ့သားက ထယ်ယောင်းစကားဆို နားမထောင်ချင်တော့ဘူး...။

"ဒီတစ်ခါနောက်ဆုံးနော်
နောက်ထပ်မယူရတော့ဘူး"

မကျွေးမချင်းကိုပူဆာနေတော့မှာ...။ အပြင်စာတွေကျတော့လည်း ကျန်းမာရေးနဲ့ မညီညွတ်မှာကြောက်လို့ မကျွေးဖြစ်ဘူး...။ အဲ့ဒါကြောင့် သားက ထမင်းကိုပိုပြီးခုန်မင်တာ...။

"ပါး !"

"ဘယ်သူ့ကိုလိုက်ခေါ်နေတာလဲ
မရှိဘူး ပါပါးကအလုပ်သွားတယ်"

"ပါး~~ချီ ~~ချီ !"

အတင်းချီခိုင်းနေတဲ့သားရဲ့အသံကြောင့် ဖျော်လက်စအာဟာရမှုန့်ကို ဘေးချကာ နောက်လှည့်ကြည့်တော့ ကုမ္မဏီမှပြန်ရောက်လာပြီဖြစ်တဲ့ ဂျွန်ရယ်ပါ...။

"သားကမံမံစားနေတာကိုး
ပါပါးက သားအတွက်ရေခဲမုန့်ဝယ်လာတာ"

ဂျွန့်လက်ထဲကိုင်ထားတဲ့ ပန်းစည်းလေးကို ထယ်ယောင်းငေးကြည့်နေခဲ့မိသည်...။ ဒါက ဘယ်သူ့အတွက်လဲတော့မသိ...။ ထယ်ယောင်းအတွက်လို့ တထစ်ချမယုံကြည်ထားပါ...။ ဂျွန်က ဘယ်တုန်းကနူးညံ့ဖူးလို့လဲ...။ ရန်ဖြစ်ရင်တောင် ကိုယ့်ဘက်ကနေ အမြဲစခေါ်နေရတာ...။

"ယေထဲမုန့် ချားမယ် !"

"မစားရပါဘူး ! သားအတွက်ဖေဖေဒီမှာ အာဟာရမှုန့်ဖျော်ပြီးပြီ"

~~STRING~~ (Completed)Where stories live. Discover now