"ကလေးတွေစိတ်ဆိုးပြေအောင် မုန့်ပေးပြီးချော့ရတယ်တဲ့ Boss ရဲ့... လင်လင်ချင်း စိတ်ဆိုးပြေချင်ရင်တော့ Boss ကသူကြိုက်တာလေး တစ်ခုခုဝယ်ပြီးချော့လိုက်ပေါ့"
"သူကြိုက်တာငါမှမသိတာ... အရင်ရည်းစားတွေစိတ်ဆိုးရင် shopping ထွက်ပြီး လိုချင်တာ လိုက်ဝယ်ပေးလိုက်တာနဲ့ စိတ်ဆိုးပြေကြတာပဲ... အခုကယောကျ်ားလေး... မတူဘူး အတွင်းရေးမှူးဂျောင်ရဲ့"
တကတည်း...။ အ,လိုက်ပါဘိ Boss ရယ်...။ ရည်းစားတွေထည်လဲတွဲပြီး ယောကျ်ားကိုကျ ဘယ်လိုချော့ရမလဲမသိ...။ ဒါလည်း စိတ်ထဲမှာပဲပြောရဲတာ အပြင်မှာထုတ်ပြောကြည့်ပါလား ဒေါသအိုး Boss ကြောင့် အလုပ်ထုတ်ခံရကိန်းပါ ဆိုက်သွားမှာ...။
"ပန်းစည်းပေးပြီးချော့လိုက်ပေါ့ Boss ရဲ့... ဒါမှမဟုတ် နာရီဝယ်ပေးလိုက်ပါလား... ယောကျ်ားလေးဆိုတော့ အဆင်ပြေမှာပါ"
နာရီဆို သူမဝတ်လောက်ဘူး...။ ဂျောင်ကုသတိထားမိသလောက်ဆို သူက fancy ပစ္စည်းတွေထက် နူးနူးညံ့ညံ့သိမ်သိမ်မွေ့မွေ့အရာတွေပဲ စိတ်ဝင်စားတာ...။ ပေးရင်လည်း ယူမှာမဟုတ်လောက်ဘူး...။ ပန်းစည်းပေးရင်တော့ သူသဘောကျလောက်မှာပါ...။
"အေး~~ကျေးဇူးပဲကွာ
မင်းလဲသူများကိုပဲအကြံပေးမနေနဲ့... အဖော်လေးဘာလေးရှာတော့... အသက်ကမငယ်တော့ဘူး... ငါဒီနေ့ စောစောပြန်မယ်... ဝယ်စရာလေးလဲရှိသေးလို့"
ပြောချင်ရာဇွတ်ပြောပြီး ကားသော့ဆွဲကာ အခန်းပြင်ထွက်သွားတဲ့ Boss ဖြစ်သူရဲ့ နောက်ကျောကိုကြည့်ပြီး သူ့မှာသက်ပြင်းတချချနဲ့...။ ပြန်တာတောင် ကောင်းကောင်းမပြန်...။ လူကိုပါ ကောက်နှိမ်သွားသေးတယ်...။ သူအခုလို လူပျိုကြီးဖြစ်နေရတာလဲ Boss ကြောင့်ပဲလေ...။
နားရက်မရှိအောင်အသေခိုင်းနေပြီး ရည်းစားထားမိရင်တောင် အစောကြီးလမ်းခွဲရမှာကို...။ လာပြီးလူကို အဖော်ရှာခိုင်းနေသေးတယ်...။ သူတောင် အိမ်ကပေးစားလို့ ယောကျ်ားရတာကို...။ အရူးက တစ်မူးသာချင်နေသေးသည်...။
~~~~~~STRING~~~~~~
"ဒီတစ်ပန်းကန်ကုန်ရင်တော်ပြီနော်
သားအခုစားနေတာ၂ပန်းကန်တောင်ရှိနေပြီ"
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 24
Start from the beginning
