"အ...အလုပ်ထဲစိတ်နှစ်မိသွားလို့ပါ Boss ရဲ့... လချုပ်စာရင်းတွေလုပ်နေရတာ... ပြီးရင် Boss က၃ရက်တောင် အလုပ်ပျက်ထားတော့ Boss လုပ်ရမယ့်အလုပ်တွေပါ ကျွန်တော်က တာဝန်ယူထားရတာဆိုတော့လေ...."

"ဆင်ခြေတွေလာပြန်ပြီ... မင်းအလုပ်ကိုအသာထားစမ်းပါ... ငါမေးတာကိုဖြေ"

မျက်ခုံးနှစ်ဖက်ကိုတွန့်ချိုးထားတဲ့ Boss ရဲ့ပုံစံဟာ တစ်စုံတစ်ရာကြောင့် စိတ်ရှုပ်နေသည့်ဟန်ပါ...။

"ဟုတ် !"

"မင်းသိလား... လင်မယားတွေက အမြဲရန်ဖြစ်ကြတာလား...??"

"ကျွန်တော်က အိမ်ထောင်မှမပြုဖူးတာ... Boss မေးတာကို ဘယ်လိုလုပ်သိမှာလဲ Boss ရဲ့"

ဟုတ်တယ်လေ... အိမ်ထောင်ပြုဖို့မပြောနဲ့ တစ်ချိန်လုံးရုံးနဲ့အိမ်ကို ခြေကျင်းလိမ်နေရတာ...။ ဒီကြားထဲ Boss ကရှန်ဟိုင်းဘက်မှာ အစည်းအဝေးတက်ရက်ဆို သူက တစ်ပတ်ဆယ်ရက်လောက် လိုက်သွားရသေးသည်...။ အတွင်းရေးမှူးတာဝန်က မသေးရတဲ့ကြားထဲ ရည်းစားထားဖို့အချိန် ရပါ့ဦးမလား...။

"ဆောရီး~~ဆောရီး ငါကအတွင်းရေးမှူးဂျောင်ကို တစ်ကိုယ်တည်းသမားဖြစ်မှန်းမေ့သွားလို့"

တစ်ကိုယ်တည်းသမားမဖြစ်စေချင်ရင် Boss ရဲ့ရည်းစားဟောင်း စပ်စလူးစိန်မလေးနဲ့ စပ်ပေးလိုက်ပါလား...။ လူကိုလာပြီးကပ်နှိမ်သေး...။ သူတောင်မိဘပေးစားလို့ ယောကျ်ားရသွားတာများ...။

"ကျွန်တော်သိတာတစ်ခုတော့ရှိတယ်... လင်နဲ့မယား လျှာနဲ့သွားဆိုတဲ့ စကားပုံတောင်ရှိသေးတယ်လေ... ရန်ဖြစ်ပြီး ပြန်ချစ်ကြတာပေါ့... ကျွန်တော့်အစ်မတို့လင်မယားဆို ခဏခဏရန်ဖြစ်ကြတယ်... တည့်လိုက်ရင်လဲ သူတို့အပြင်မရှိ... ပူးပြီးရင်ခွာမရတော့ဘူး~~အဟဲ !"

"အခုငါ့အဖြစ်က လင်နဲ့မယားလိုလဲမဟုတ်ဘူး အတွင်းရေးမှူးဂျောင်ရဲ့... ယောက်ျားချင်းဆိုတော့ ခက်တယ်... မနက်ကသူနဲ့စကားများပြီး ငါ့ဘက်ကလွန်သွားတယ်... ခဏခဏ ငါ့ဘက်ကမှားနေတော့ သူ့ကိုလဲအားနာလာပြီ"

စိတ်ပျက်သွားသလို မှိုင်တွေတွေဖြစ်သွားတဲ့ Boss ရဲ့ပုံစံဟာ တကယ့်ကိုသနားစရာလေးပါ...။

~~STRING~~ (Completed)Where stories live. Discover now