ထယ်ယောင်းပြောတဲ့အထဲ ဘာတွေများရင့်သီးပြီး စော်ကားနေမိလို့ အခုလိုပြောထွက်ရတာလဲ...။ ဂျွန်က ဘာမဆိုတတ်နိုင်မှန်း ထယ်ယောင်းသိပြီးသား...။ သားက ထယ်ယောင်းကလေး၊ ထယ်ယောင်းရဲ့သွေးမဟုတ်ပေမယ့် ညီမလေးအသက်နဲ့လဲပြီး မွေးထုတ်ခဲ့ရတဲ့ကလေးမို့ ကိုယ့်သားအရင်းလေးတစ်ယောက်လိုပါပဲ...။ ဒီအကြောင်းတွေ ဂျွန့်ကိုမသိစေချင်သလို အသိပေးမှာလည်းမဟုတ်ဘူး...။
ဂျွန်သာ အဖြစ်မှန်ကိုသိခဲ့ရင် ထယ်ယောင်းကိုပိုမုန်းမှာ...။ ကလေးတစ်ယောက်အတွက်နဲ့ သူ့ကိုအသုံးချပါတယ်ဆိုပြီး ဘယ်လောက်တောင်မုန်းလိမ့်မလဲ...။
"အဟင့်~~ဝါး~~အင့် !"
လက်ထဲချီထားတဲ့သားကလည်း ငိုနေတာကြောင့် ကလေးကို ထမင်းကျွေးဖို့လုပ်ရမည်...။ သားကသိပ်ပြီးကြာကြာမငိုတတ်တာပဲ ကျေးဇူးတင်ရမည်...။ ပါးစပ်ထဲတစ်ခုခုထည့်ပေးလိုက်တာနဲ့ အငိုတိတ်တဲ့ကလေး...။
သားကိုထမင်းကျွေးနေတုန်းမှာပဲ ဝေါကနဲမောင်းထွက်သွားတဲ့ ကားသံကြောင့် ဂျွန်ကုမ္ပဏီကိုသွားပြီမှန်း ထယ်ယောင်းသိလိုက်သည်...။ ဖြစ်ချင်ရာဖြစ်ပါစေတော့...။ ဒီတစ်ခါတော့ ဘာမှကိုအကျိုးအကြောင်း ရှင်းမပြချင်တော့ဘူး...။
ကြာတော့ ထယ်ယောင်းလည်းလူပဲ ရှက်တတ်တယ်...။ ကိုယ့်ဘက်ကနေ လွန်လွန်ကျူးကျူးမှားခဲ့တာလည်းမရှိ...။ ဂျွန်ကတောင် အကြီးကိုအကြီးမှန်းမသိ ရင့်ရင့်သီးသီးတွေပြောထွက်သေးတာ ထယ်ယောင်းကရော ဘာလို့မနေနိုင်ရမှာလဲ...။
~~~~~~STRING~~~~~~
"အတွင်းရေးမှူးဂျောင် !"
"အတွင်းရေးမှူးဂျောင် !"
တစ်ခါခေါ်လည်းထူးမလာ၊ နှစ်ခါခေါ်လည်းထူးမလာ...။ Laptop ထဲကို ခေါင်းစိုက်ဝင်နေသလားတောင် မှတ်ရတယ်...။ စိတ်ကမကြည်ရတဲ့ကြားထဲ တစ်မျိုးပြီးတစ်မျိုး...။
*ဘုန်း !!*
"ဗျ~~ဗျာ~~Boss !
Boss ဘာခိုင်းစရာရှိလို့ပါလဲ"
"ငါခေါ်နေတာကြာနေပြီ
သေမယ့်သူဆိုသေလောက်ပြီ"
သူကလည်းသူပါပဲ...။ တစ်ခုခုကိုစိတ်နှစ်ပြီးရင် ပတ်ဝန်းကျင်ကိုပင် မေ့တဲ့အထိ...။ အခုတောင်မှ Boss က စားပွဲခုံကိုလက်နဲ့ထုလိုက်မှ အသိဝင်တဲ့အဖြစ်...။ မနက်ကုမ္ပဏီကိုလာထဲက တစ်ရုံးလုံးကိုအပြစ်ရှာပြီး ပတ်ဆူထားတဲ့ Boss ကြောင့် သူလည်းနည်းနည်းလန့်နေသည်...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 24
Start from the beginning
