အဲ့စိတ်ဖြစ်နေတာလည်း တော်တော်ကိုကြာပါပြီ...။ မျက်ရည်ဝဲတာကိုမြင်လိုက်တာနဲ့ စိတ်တွေပျော့ခွေသွားရတဲ့အထိ သူက စွမ်းဆောင်နိုင်လွန်းတာ...။
ဘယ်အချိန်ကစလဲလို့မေးရင် ယွန်းဂီတို့ဆီမှာအိပ်ပြီး ပြန်လာတဲ့နေ့ကစတာပဲ...။ ခဏခဏငိုအောင်လုပ်ပြီး ချော့ရတာကိုကြိုက်တယ်...။ ကိုယ့်ကိုအမြဲနားလည်ပေးတတ်လွန်းလို့ တစ်ခါတစ်လေ သနားလည်းသနားမိသည်...။
"ကလေးက မလိုက်ချင်တာကို
ဘာလို့အတင်းလိုက်ဖြစ်နေတာလဲ"
"ကိုယ့်သားကို ကိုယ်ခေါ်တာ
ဂျွန့်ကိုဘာလုပ်နေလို့လဲ"
ဒါကဘာလဲ ရန်ဖြစ်ချင်နေတဲ့သဘောလား...။ စကားပြောနေရင်း မျက်ရည်တွေလှိမ့်ကျနေသည့်အပြင် နှုတ်ခမ်းကပါထော်ထွက်လာတာ...။ အဲ့ဒါတွေကြောင့် ရိုသေလေးစားလို့ မရနေတာပေါ့...။
လက်ထဲချီထားတဲ့သားကလည်း အငြိမ်မနေတော့ ငိုနေရင်းနဲ့မှ ဂျောင်ကုကို ကုပ်တွယ်ကာဖက်ထားလေသည်...။
"ကိုယ့်သား ကိုယ့်သား ကိုယ့်သားနဲ့ ခင်ဗျားသားမှန်းကျုပ်သိတယ်... လာလာပြီး အယူခံဝင်မနေနဲ့... ဒီအချိန်မှာ ကလေးက ကျုပ်နဲ့လဲဆိုင်တယ်... ခင်ဗျားမိန်းမနဲ့မွေးထားတဲ့ကလေးဆိုပေမယ့် ကျုပ်နဲ့လက်ထပ်ထားရင် ကျုပ်ကလေးပဲ... ခင်ဗျားသိထားဖို့က ကျုပ်လဲခင်ဗျားလိုမွေးနိုင်တယ်... ဒီခေတ်ထဲမှာ ကလေးယူဖို့ကလွယ်လွယ်လေး... ပိုက်ဆံပေးရင် ကလေးတစ်ကောင်က အသာလေးထွက်လာမှာ... ကြိုက်တဲ့မိန်းမခေါ်အိပ်လို့ရသလို မွေးခိုင်းလို့လဲရတယ်... အဲ့ဒါကိုခင်ဗျားမမေ့နဲ့ !"
ကလေးရှေ့မကြားဝံ့မနာသာစကားတွေနဲ့ ထယ်ယောင်းကို ပြောဆိုနေလိုက်တာများ...။ ပြောချင်ရာပြောပြီး သားကိုထယ်ယောင်းလက်ထဲထိုးထည့်ကာ အပေါ်ထပ်သို့ ဒုန်းစိုင်းတက်သွားတဲ့သူကြောင့် ထယ်ယောင်းမှာ စိတ်မချမ်းမြေ့နိုင်...။
ပြဿနာမဖြစ်ချင်ပါဘူးဆိုနေမှ တစ်ခုပြီးတစ်ခုကိုဖြစ်နေတော့တာပဲ...။ ထယ်ယောင်းဘယ်လိုနေမှ ဂျွန်နဲ့သင့်မြတ်မှာလဲ...။ အမြဲတစ်ခုကျေအေးပြီးရင် နောက်တစ်ခုကပေါ်လာတယ်...။ ဒီဘာမဟုတ်တဲ့စကားကြောင့် ပြဿနာထပ်တက်ရပြန်ပြီ...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 24
Start from the beginning
