ဂျွန့်ကိုချစ်လွန်းလို့ ယောကျ်ားမာနကိုအကျခံပြီး ဘဝနဲ့ရင်းပြီး ပေးဆပ်ခဲ့တာတွေ...။ ပွေ့ဖက်နမ်းရှံ့ခဲ့၊ အတူနေခဲ့တာတွေက ဘာတွေလဲ...။ ချစ်လို့မဟုတ်ရင် သူ့စိတ်ကျေနပ်ဖို့အတွက် ကိုယ်ကအဖျော်ဖြေခံသပ်သပ်လား...။
"မံမံ ချာနေပါပြီချိုနေမှ ချကားပဲ ညားနေတာပဲ !"
အနောက်ကနေ တီတီတာတာလေးထွက်လာတဲ့ သားရဲ့အသံဆာဆာလေးကြောင့် ကျနေတဲ့မျက်ရည်တွေကို လက်ဖမိုးနဲ့ဆွဲသုတ်လိုက်ရသည်...။
"သားအတွက် မံမံကို ဖေဖေပြင်ထားပြီးပြီ
လာလာ~~ဖေဖေခွံကျွေးမယ်"
"ပါး~~ထွန့်ကျွေးတာပဲချားမယ်
ဖေ့ ထွန့်ကျွေးနဲ့ !"
ဂျွန့်လက်ထဲကနေ သားကိုဆွဲချီဖို့ပြင်လိုက်ပေမယ့် သားပေါက်စဟာ ဂျွန့်ကိုကုတ်တွယ်ဖက်ပြီး ခေါင်းတခါခါနဲ့ကို မလိုက်ချင်ကြောင်းဆန္ဒပြတော့သည်...။
မွေးကင်းစကနေ ကိုယ့်လက်ပေါ်အရွယ်ရောက်လာတဲ့ကလေးက ကိုယ့်ကိုပုန်ကန်တာလောက် စိတ်ဆိုးတာမရှိ...။ ၃ရက်လောက်လေး အခန်းခွဲအိပ်ရတာကို လူကို ကလန်ကဆန်လုပ်ချင်နေတာ...။ ဒီနေ့ညကစပြီး ပြန်ခေါ်သိပ်မှ...။ မဟုတ်ရင်ဒီကလေး ထယ်ယောင်းကိုစိမ်းသွားမှာ...။
ကိုယ့်ကိုစိမ်းတာထက် ဂျွန့်ကို ဒုက္ခမပေးချင်တာပါလေ...။ အစထဲက မကြည်ဖြူရတဲ့ကြားထဲ ဒီလိုဆက်ဖြစ်နေရင် ထယ်ယောင်းပဲ ပိုစိတ်ညစ်ရမှာ။
"ဖေဖေ ခွံကျွေးမယ်လို့ပြောနေတယ်လေ !"
"ထွန့်ကျွေးပါနဲ့ဆို~~အင့်
အင့်~~ဟင့်~~ဝါး !"
ဘေးနားမှာလာရပ်ကာ သားနဲ့ရန်ပြိုင်ဖြစ်နေတဲ့ ကလေးထက်ဆိုးတဲ့သူကို ဂျောင်ကုအသည်းတွေယားမိသည်...။ ကိုယ့်မျက်နှာကို တစ်စက်ကလေးမှ မကြည့်ပုံထောက်ရင် ဒါဟာစိတ်ဆိုးနေတာပဲဖြစ်ရမည်...။
ခုနတုန်းကပြောခဲ့တဲ့စကားတွေကလည်း စိတ်ထဲပါလို့မဟုတ်...။ သူ့ကိုမြင်ရင်စိတ်ရှုပ်ရတာတော့ အမှန်တရားပါလေ...။ ဘာလို့စိတ်ရှုပ်နေရသလဲဆိုရင် မြင်တာနဲ့ ပွေ့ဖက်နမ်းရှုံ့ပြီး သိမ်းဖက်ထားချင်မိလို့...။
ŞİMDİ OKUDUĞUN
~~STRING~~ (Completed)
Romantizmအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 24
En başından başla
