"မ~~မဟုတ်ပါဘူး ဂျွန်ရဲ့
ကိုယ်က ဂျွန့်ကိုအလုပ်မရှုပ်စေချင်လို့ !"

"တော်ပါ~~ ခင်ဗျားတို့သားအဖ ကျုပ်ဘဝထဲဝင်လာတဲ့နေ့ကစပြီး အဆင်မပြေခဲ့တဲ့နေ့ရက်တွေချည်းပဲ... ဒီလောက်လေးကတော့...."

"တော်တော့ ဂျွန် !!! ဟုတ်ပါတယ်... ကိုယ်တို့သားအဖ ဂျွန့်ဘဝထဲဝင်လာတဲ့ချိန်ကစပြီး ဂျွန်မလွတ်လပ်တော့မှန်း ကိုယ်သိတယ်... ခဏပါပဲ... နောက်၂လနေရင် ကိုယ်တို့သားအဖ ဂျွန့်ဘဝထဲကနေ အပြီးအပိုင်ထွက်သွားပေးမှာပါ... အဲ့လောက်ကြီးထိ ပြောစရာမလိုပါဘူး... အမျှင်တန်းပြီးတွယ်ကပ်နိုင်လောက်တဲ့ သံယောဇဉ်တွေလည်း ကိုယ်တို့ကြားမှာရှိမှမရှိပဲ... ဟုတ်တယ်မလား ဂျွန်"

ကပ်ကပ်လန်အောင်နှုတ်လှန်ထိုးနေတဲ့ ကလေးအဖေလေးရဲ့မျက်နှာကို ဂျောင်ကုသေချာလေးစိုက်ကြည့်နေလိုက်သည်...။ ဘာလဲ ဒါလေးပြောတာကို အဲ့လောက်ကြီးထိ ပြန်ပြောစရာလိုလို့လား...။ အရင်ကလည်း ဒီလိုပဲပြောနေကျကို...။

ကြည့်နေရင်းနဲ့ မျက်ရည်ဝဲတက်လာတဲ့သူဟာ ကိုယ့်ကိုမျက်နှာချင်းဆိုင်ရာမှ ကျောခိုင်းကာ လုပ်လက်စကိုသာ တကုတ်ကုတ်လုပ်လို့နေပြန်သည်...။

"ဟုတ်တယ်~~ ခင်ဗျားပြောသလိုပဲ ၆လပြည့်တာနဲ့ လမ်းခွဲကြမှာပဲဆိုပြီး ဒီနေ့ဒီချိန်ထိသည်းခံပြီးနေနေတာ... ခင်ဗျားကိုမြင်ရင် စိတ်ရှုပ်ရလွန်းလို့~~!"

ထယ်ယောင်းကြားချင်ခဲ့တာ ဒီလိုစကားမျိုးတွေမှ မဟုတ်တာ...။ ဂျွန့်ဘက်က တုန့်ပြန်မှုကိုသိချင်လို့ ဒီလိုတွေပြောထွက်အောင် အရဲစွန့်ခဲ့ပေမယ့် မထင်ထားလောက်အောင် ဂျွန်က ပြတ်သားလွန်းပါသည်...။

ကိုယ့်ကိုမြင်ရင် စိတ်ရှုပ်ရတယ်လို့ပြောရအောင် အနားမှာတွယ်ကပ်ခဲ့တာ ဘယ်သူလဲ...။ အစထဲကခပ်ဝေးဝေးနေဖို့သူကိုယ်တိုင် စည်းခြားခဲ့ပြီးမှ အခုကျပြန်တော့ အဲ့စည်းကိုသူကိုယ်တိုင်ဖျက်တယ်...။

ကိုယ့်ဘက်က နီးစပ်ဖို့တစ်လှမ်းတိုးလေ ဂျွန်နဲ့ပိုဝေးသွားရလေလေပဲ...။ ထယ်ယောင်းရဲ့ဘဝတစ်ခုလုံးကို ဂျွန့်ဆီပုံအပ်ခဲ့တာတောင် ဂျွန်ကအခုထိ ထယ်ယောင်းကို အထင်သေးစော်ကားနေဆဲ...။

~~STRING~~ (Completed)Where stories live. Discover now