သားကိုချီထားရက်နဲ့မှ မျက်နှာချင်းဆိုင်ဖြစ်အောင် ခုံတွင်ဝင်ထိုင်ရင်း မျက်မှောင်ကြီးကျုံ့ကာ အပြစ်တင်စိုးရိမ်နေသော ဂျွန်ရယ်ပါ...။

သူ့ရဲ့ဂျွန်ဟာ နံနက်ခင်းအိပ်ယာထစမှာတောင် ရိုးရှင်းကာကြည့်ကောင်းနေဆဲပင်...။ ရှပ်လက်တိုကိုသာ ဝတ်ဆင်ထားတာကြောင့် ကျစ်လစ်တဲ့ခန္တာကိုယ်ဟာ မျက်စိရှေ့မှာထင်းလျှက်...။ လက်မောင်းကြွက်သားတွေကအစ ထယ်ယောင်းလိုမဟုတ်ပဲ အဖုအဖောင်းတွေနဲ့ တကယ်ကိုမှ ယောကျ်ားပီသသော ဂျွန်ရယ်ပါ...။

"ကျုပ်ကိုပဲကြည့်မနေနဲ့... မေးတာလဲဖြေဦး !"

မျက်စိရှေ့ အေပရွန်ကြီးတကားကားနဲ့ အူကြောင်ကြောင်ဖြစ်နေတဲ့ ကလေးအဖေလေးကို ဂျောင်ကုတကယ်စိတ်မရှည်ချင်...။ မနေ့ထဲက သက်သာနေပြီလို့ပြောပေမယ့် ထပ်ဖြစ်မှာစိုးလို့ ကိုယ်ပဲအလုပ်ရှုပ်ခံ အလုပ်ပျက်ခံထားရတာ...။

ဒီနေ့မနက်ကျ ကိုယ့်ထက်ဦးအောင်ထပြီး မနက်စာပြင်ပေးနေသတဲ့...။ မွှေးပွသိုးမွှေးဆွယ်တာ လိမ္မော်ရောင်လေးထဲမှာ လူကမြုပ်လို့...။ လက်ဖျားလေးတွေပင် မြုပ်တဲ့အထိ...။ နှာခေါင်းတွေက အအေးရဲ့ဒဏ်ကြောင့် နီရဲလို့နေကာ နားရွက်ဖျားတွေပါနီနေတာကြောင့် ယုန်ပေါက်စလေးတစ်ကောင်နှယ်...။

"ကိုယ်နေကောင်းနေပါပြီ ဂျွန်ရဲ့... မနေ့ထဲက သက်သာနေပြီလေ... ပြီးတော့ အိပ်ယာထဲအကြာကြီးမနေချင်တာနဲ့... နောက်ပြီးကလေးတစ်ဖက်နဲ့ဆိုရင် ဂျွန်အလုပ်လုပ်ရတာ အဆင်မပြေဖြစ်မှာစိုးလို့ပါ"

"ဘယ်သူကအဆင်မပြေဘူးပြောနေလို့လဲ... သားက ကျုပ်သားမဟုတ်ပေမယ့် ခင်ဗျားနဲ့လက်ထပ်ထားမှတော့ ကျုပ်ကလေးပဲ... ဘာလဲ သားနဲ့အတူရှိနေတာကို ခင်ဗျားက မကျေနပ်ဘူးလား !"

လုပ်ပြန်ပြီ~~ ဂျွန်ဟာလေ ထယ်ယောင်းရဲ့စေတနာကို တစ်စက်မှနားမလည်ဘူး...။ သားနဲ့ဂျွန် ဒီ့ထပ်ပိုပြီးရင်းနှီးမှုရတာကို ထယ်ယောင်းက မကျေနပ်စရာလားလေ...။ သူ့အလုပ်တွေပျက်မှာကြောင့်လို့ ပြောနေတဲ့ဟာကို...။

ထပ်ပြောရင်လည်း ပြဿနာဖြစ်ဖို့ပဲရှိမယ်...။ မနက်ခင်းစောစောစီးစီး ပြဿနာမတက်ချင်ပါဘူး...။ ပြီးတော့ ဂျွန့်ကိုခဏခဏစိတ်တိုအောင် ထယ်ယောင်းမလုပ်ချင်ဘူး...။ လျော့စရာရှိရင် ထယ်ယောင်းဘက်ကပဲ အလျော့ပေးလိုက်မယ်...။ ကိုယ်ကအကြီး သူကအငယ်လေ...။

~~STRING~~ (Completed)Tempat cerita menjadi hidup. Temukan sekarang