ရင်ဘတ်ကိုထုရိုက်လာတဲ့ လက်တွေကြောင့် အသာလေးလွှတ်ပေးတော့ သူ့မျက်နှာလေးက ရဲတက်လျှက်...။
"မဝသေးဘူး !"
"သားရှေ့မှာ ဂျွန်ကလဲ"
"ဒါဆို သားမမြင်တဲ့နေရာသွားရအောင်"
ထယ်ယောင်းစကားပင်ပြောခွင့်မရလိုက်...။ လက်ကိုဆောင့်ဆွဲကာ bar ရှိရာဘက်ခေါ်သွားတဲ့ ဂျွန်ကြောင့် ဖြစ်လာမည့်အခြေအနေကို တွေးပြီးရှက်ရွံ့မိပြန်သည်...။ ဂျွန်က အနမ်းတစ်ခုထဲနဲ့ ဘယ်တုန်းကများ လုံလောက်ခဲ့ဖူးလို့လဲ...။
kitchen ထဲမှာတော့ ရေခဲမုန့်စားနေတဲ့သားရယ်၊ ပိုင်ရှင်ရဲ့ဥပေက္ခာပြုခြင်းကို ခံလိုက်ရတဲ့ပန်းစည်းလေးရယ်ကတော့ အထီးကျန်အဖော်မဲ့စွာဖြင့်~~~~။
...............................To Be Continued
(Zawgyi)
နေမကောင်းဖြစ်တဲ့ ၃ရက်အတွင်း ဂျွန်က ကုမ္ပဏီကိုပင်မသွားခဲ့...။ သားနဲ့ထယ်ယောင်းကို လိုလေသေးမရှိဂရုစိုက်ပေးတဲ့ ဂျွန်ကြောင့် ထယ်ယောင်းအားလည်းနာမိသည်...။
ဒီရက်တွေအတွင်း ထယ်ယောင်းသိလာရသည်က သူ့ရဲ့ဂျွန်ဟာ အရာရာပြီးပြည့်စုံတဲ့ ယောက်ျားတစ်ယောက်ဖြစ်နေခဲ့တာကိုပဲ...။ စီးပွားရေးပိုင်းနဲ့ စီမံခန့်ခွဲမှုအပိုင်းမှာတော်သလို အချက်အပြုတ်မှာလည်း ဂျွန်က ထင်သလောက်မဆိုးခဲ့...။
အရာရာပြီးပြည့်စုံတဲ့ သူတစ်ယောက်ဖြစ်နေခဲ့တာကြောင့် လမ်းခွဲပေးဖို့ပင် ထယ်ယောင်းမလုပ်ချင်တော့တဲ့အထိ အတ္တကြီးလာမိ၏...။ သို့ပေမယ့် တစ်ဖက်သူက ကိုယ့်ကိုမနှစ်သက်တဲ့အခါ ထယ်ယောင်းဘက်က ဘာတတ်နိုင်မှာတဲ့လဲ...။ ကိုယ့်ဘက်ကစလို့ ချစ်ခင်စုံမက်မှုကို ဖွင့်ဟပြချင်ပေမယ့် အထင်သေးပြီးရွံရှာသွားမှာကိုလည်း ကြောက်မိသည်...။ အစထဲက ကိုယ့်သိက္ခာဆိုတာ သူ့လက်ထဲမှာသွန်လိုရာသွန် မှောက်လိုရာမှောက်ပဲလေ...။
အတွေးတို့အား လက်စဖြတ်ကာ breakfast ပြင်ဆင်ဖို့လုပ်ရသည်...။ နေကောင်းကာစဖြစ်ပေမယ့် အိပ်ယာထဲလှဲမနေချင်တော့...။ ဂျွန့်ကိုလည်းအားနာလှပြီ...။ ညဘက်တိုင်း သားကိုခေါ်သိပ်ရတဲ့ဒုက္ခက မသေးဘူးလေ...။
ESTÁS LEYENDO
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 24
Comenzar desde el principio
