မေးဖျားလေးကနေဆွဲမော့ကာ ကျနေတဲ့မျက်ရည်ဥတွေကို လိုက်သုတ်ပေးတော့ သူက ထပ်ပြီးငိုပြန်ရော...။ ဘာပြုလို့ဒီလောက်ထိတောင် ဝမ်းနည်းတတ်ရပါလိမ့် ကလေးအဖေလေးရယ်...။
"မနက်က ကိစ္စအတွက်တောင်းပန်ပါတယ်... ကျုပ်ကစကားပြောမတတ်ဘူး... ခင်ဗျားကို ထိခိုက်စေလိုစိတ်မရှိပါဘူး... ဒေါသထွက်နေတုန်းမို့ပါ"
"ဒေါသထွက်လဲ အဲ့လိုပြောစရာလား... ကိုယ်ဘယ်လောက်ထိဝမ်းနည်းရလဲ ဂျွန်မသိဘူး... ဂျွန်သိတာက ကိုယ့်ကိုဆူဖို့ပြောဖို့လောက်ပဲ"
"အဲ့ဒါကြောင့်တောင်းပန်နေတာလေ... ဒီမှာ ခင်ဗျားကြိုက်မယ်ထင်လို့ ပန်းစည်းလေးလဲ ဝယ်ခဲ့သေးတာ... ကျုပ်က romatic မဆန်တတ်ဘူး... ပန်းစည်းပေးပြီး ပြန်ချော့တဲ့သဘောပေါ့...လက်ခံပေးမယ်မလား"
လက်ထဲထိုးထည့်ပေးလာတဲ့ ပန်းစည်းလေးကို တစ်ချက်ကြည့်ပြီး ထယ်ယောင်းပြုံးလိုက်မိသည်။ baby breath နဲ့ နှင်းဆီနီကို ရောစပ်ထားပုံက romatic သိပ်ဆန်လွန်းနေသည်။
"ကိုယ်တို့ကြားတောင်းပန်စရာမလိုပါဘူး ဂျွန်ရဲ့... ဂျွန့်ကို ကိုယ်နားလည်ပါတယ်"
ဂျောင်ကုပေးတဲ့ပန်းစည်းလေးကို ငုံ့နမ်းလိုက်တဲ့ မျက်စိရှေ့ကသူရဲ့လုပ်ရပ်ကြောင့် ရင်ဘတ်ထဲကို မုန်တိုင်းခပ်သေးသေးလေး လာဝင်မွှေသွားသကဲ့သို့...။ ကိုယ့်ကိုအမြဲ နားလည်တတ်လွန်းတဲ့သူကြောင့် တစ်ခါတစ်လေတော့လည်း လောဘကြီးမိသည်...။ ရင်ထဲက အမျိုးအမည်မသိတဲ့ စိတ်ဆန္ဒတွေကလည်း အုန်းအုန်းကြွလျှက်...။ ခက်တော့ခက်နေပါပြီ...။
"ခင်ဗျား အရမ်းလှတာပဲ !"
"ဟင်~~ !"
ကိုယ်ပြောလိုက်တဲ့စကားကြောင့် ကြောင်စီစီလေးဖြစ်နေတဲ့သူ့ကိုကြည့်ရင်း အသည်းတွေယားလာတာကြောင့် ခါးကနေဆွဲဖက်ကာ မျက်နှာချင်းဆိုင်စေလိုက်သည်...။
"နှုတ်ခမ်းတွေခြောက်နေတယ် "
"အေး~~အေးနေလို့"
နှုတ်ခမ်းကိုလျှာနဲ့သပ်လိုက်တဲ့ သူရဲ့လုပ်ရပ်ကြောင့် စိတ်မထိန်းနိုင်တော့ပဲ အဲ့ဒီနှုတ်ခမ်းသေးသေးလေးကို တရိုက်မတ်မတ် သူသုံးဆောင်နေခဲ့မိသည်...။ ချိုတယ်...။ မလွတ်ပေးချင်လောက်အောင် ဆွဲဆောင်မှုရှိတယ်...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 24
Start from the beginning
