ဂျောင်ကုက သားကိုရေခဲမုန့်ဘူးဖွင့်ပေးနေတုန်း လှမ်းတားနေတဲ့ ကလေးအဖေလေးကြောင့် ဖွင့်ပေးနေတဲ့လက်ပင် ခပ်တွန့်တွန့်ဖြစ်သွားရသည်...။

"ဘာလို့မစားရမှာလဲ... ကလေးကို အပြင်စာလေးဘာလေး ကျွေးဦးမှပေါ့... အားနေထမင်းချည်းပဲ လှိမ့်ကျွေးနေရင် ကြာရင်ချီနိုင်မှာတောင်မဟုတ်ဘူး"

"ဂျွန့်သားက ကိုယ့်စကားမှနားမထောင်တာ... အခုတောင် ၂ပန်းကန်နဲ့ရပ်ဖို့ပြောတာကို မကျွေးမချင်းဂျီကျနေလို့ ထပ်ဖျော်ပေးနေတာ... အခုသူမစားရင် ဒါတွေဘာသွားလုပ်ရမှာလဲ"

"သွန်ပစ်လိုက် !"

ပြောပြီးတာနဲ့ ရေခဲမုန့်ဘူးကိုဖွင့်ကာ သားရှေ့ချပြီး ခပ်ကျွေးနေတဲ့ဂျွန်ကြောင့် ထယ်ယောင်းလည်း ထပ်ပြီးပြောချင်စိတ်မရှိတော့...။

ကောင်းတယ်~~ကောင်းတယ်...။ သားရောအဖေရော ပေါင်းပြီးတော့ လူကိုအမျိုးမျိုးစိတ်ညစ်အောင် လုပ်နေကြတာ...။ စေတနာနဲ့ မတန်တဲ့ဟာတွေကို ချစ်နေရတာလည်းဝဋ်ပဲ...။

ဂျောင်ကုတို့သားအဖကိုကျောခိုင်းကာ ပန်းကန်လှည့်ဆေးနေတဲ့ ကလေးအဖေလေးအနားသို့ အသာလေးကပ်သွားလိုက်သည်....။ ပါးစပ်ကနေ ပွစိပွစိလုပ်နေပေမယ့် အသံတော့မထွက်...။

"အမေ့ !!"

ခါးကိုအနောက်ကနေသိုင်းဖက်ကာ ပခုံးပေါ်မေးတင်လိုက်တော့ သူ့ဆီကနေ ထွက်ကျလာတဲ့အသံလေးက အသည်းယားစဖွယ်...။

"ဖယ်~~လာမထိနဲ့ "

"ထိတော့ဘာဖြစ်လဲ... ကိုယ့်အပိုင်ပစ္စည်းကိုယ်ထိတာ ခွင့်တောင်းနေရဦးမှာလား...??"

သိုင်းဖက်ထားတဲ့လက်တွေကို ဆွဲခွာချပေမယ့် အားကြီးလွန်းတဲ့ဂျွန်ကြောင့် ထယ်ယောင်းမှာပိုပြီး သူ့ရင်ခွင်ထဲမြုပ်သွားသလိုပင်...။

"လူကိုအမြဲတမ်း အနိုင်ကျင့်လို့ရတိုင်း~~"

အသံလေးတိမ်ဝင်သွားတာကြောင့် ငိုနေမှန်း ဂျောင်ကုရိပ်မိလိုက်သည်...။ ကိုယ်ကလည်းကိုယ်ပဲ...။ ချော့ဖို့ပြန်လာပြီးမှ ထပ်ပြီးအနိုင်ကျင့်သလို ဖြစ်ရပြန်သည်...။ သိုင်းဖက်ထားတဲ့လက်ကို အသာလေးလွှတ်ပေးကာ မျက်နှာချင်းဆိုင်တဲ့အခါ သူကခေါင်းကိုငုံ့ထားဆဲ...။

~~STRING~~ (Completed)Donde viven las historias. Descúbrelo ahora