သားက ဂျူယောင်းလက်ထဲမှာ ငုတ်တုတ်လေး...။ အဝါရောင်ခေါင်းစွပ်အနွေးအင်္ကျီလေးက ကြီးနေတော့ ကလေးမျက်နှာလေးတော့မမြင်ရ...။
ကလေးအဖေလေးကတော့ ဘယ်ချိန်ကနေဘယ်လို ဟိုသုံးကောင်နဲ့ contact မိသွားလဲတော့မသိ...။ ဟိုနှစ်ကောင်အလယ်မှာ သူကကြားညှပ်လို့နေသည်...။ ဘာကိစ္စနဲ့ အဲ့နှစ်ယောက်ကြား သွားထိုင်လဲတော့မသိ...။
"ဖြေလိုက်လေသားရဲ့"
"ဖြေပါဆို... သူ့ပါပါးကိုကျတော့ပြောပြီး
တီတီက နာမည်လေးသိချင်လို့ပါဆို"
ဒီဂျုယောင်းဟာလေ ကလေးလည်းအငြိမ်မနေရဘူး...။ ဂျောင်ကုအခုထိ မတ်တပ်ရပ်ကာကြည့်နေဆဲ...။ ကိုယ်ရောက်နေတာကိုလည်း သူတို့သိမယ့်ပုံမပေါ်...။ တစ်ယောက်တည်းတစ်ကမ္ဘာ ဖြစ်သွားသလိုပဲ...။
"ချန်ယုံး~~ယေး"
"ဟင်~~ဘာကြီး !
ခြံလုံးလား~~ဟုတ်လား"
"ဟုတ်ဝူး~~!
ချန်ယုံးယေးပါချိုနေ"
သားရဲ့ စိတ်မရှည်သံလေးက ချစ်စရာ အသည်းယားစရာ...။ ဂျောင်ကုသွားပွေ့ပြီးသာ ချီလိုက်ချင်တော့သည်...။ သို့ပေမယ့် ကလေးအဖေလေးနဲ့က အခုထိ ငြိမ်းချမ်းရေးမယူရသေးတော့ ငြိမ်နေရတယ်...။
"ခြံလုံး~~ချန်လုံး မဟုတ်သေးဘူး... ချန်~~ ဆန်~~ ဆန်လုံးလေးလား... အမလေး နာမည်ပေးတတ်ပါ့... ချစ်ဖို့ကောင်းလိုက်တာ... အသည်းတွေယားလာပြီ... အူးမွ~~ မွ~~မွ"
"ဝါး~~အင့်~~ဝါး !
ဖေ့~~အင့်~~အင့်"
ကလေးကိုဘယ်လောက်တောင် အတင်းဖိနမ်းလိုက်လဲမသိ...။ ကလေးအသားက နုနုနယ်နယ်လေးပါဆိုနေ...။ ဂျောင်ကုတောင် မထိရက်မကိုင်ရက် ဖွဖွလေးနမ်းတာကို သူကအတင်းဖိနမ်းတော့ သားကငိုပြီပေါ့...။
ဒီအချိန်မှာ ငယ်ချစ်ဦးတွေဘာတွေ နားမလည်တော့ဘူး...။ သားက သူ့လက်ထဲမနေတော့ အတင်းကိုကော့ပျံလန်နေတာ...။ အဲ့ဒါကိုမလွှတ်ပေးတော့ ကလေးကအော်ငိုပြီပေါ့...။
"ယွန်းဂျူယောင်း !! နင်ငါ့သားကို ဘာလို့အတင်းလုပ်တာလဲ"
အနောက်ကနေ ဟိန်းကနဲထွက်လာတဲ့အသံကြောင့် ဂျောင်ကုရဲ့အသံကြောင့် ယွန်းဂီတို့ပါလန့်ကာ လှည့်ကြည့်မိတော့ မျက်နှာကြီးနီနေကာ ဒေါသထွက်နေတဲ့ ဂျောင်ကုကြောင့် ချက်ချင်းထပဲပြန်ရတော့မလိုလို...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 20
Start from the beginning
