"ပါးချီတွားမယ်ချို~~ဟင့် !!"

မသွားရမချင်းကို အော်အော်ငိုနေတာကြောင့် ထယ်ယောင်းစိတ်တိုလာသည်...။ ဂျွန်မရှိတုန်းကတော့ ငြိမ်ကုတ်နေတာပဲ...။ မျက်နှာမြင်အသံကြားတာနဲ့ တစ်သက်လုံးထိန်းလာတဲ့ ဖအေမျက်နှာကိုမှမထောက်...။

"လာလာ... တီတီဂျူယောင်းဆီလာ"

ဂျူယောင်းတဲ့...။ ထယ်ယောင်းထင်တာမမှားဘူးပဲ...။ လက်ထဲကနေ ကလေးကို ဇွတ်ကနဲဆွဲချီယူသွားတဲ့သူမကြောင့် သားဟာ ငိုနေရင်းနဲ့ပဲ ဧည့်ခန်းထဲပါသွားတော့သည်...။

"အဟမ်း~~ငါတို့လဲအထဲသွားမယ်နော်
hyung ကျွန်တော်တို့ကိုဝင်ခွင့်ပြုပါဦး"

"အာ~~ရပါတယ်
ခွင့်တောင်းစရာမလိုပါဘူး"

နှစ်ကောင်သားကုတ်ကုတ် ကုတ်ကုတ်နဲ့ အိမ်ထဲလှစ်ကနဲနေအောင် ပြေးဝင်ကြတာများ...။ မလိုက်ပါနဲ့လို့ပြောတာကိုမရဘူး...။ ဂျူယောင်းဆို ခွင့်ပြုချက်တောင်မတောင်း သားကိုချီပြီးအိမ်ထဲ ပိုင်စိုးပိုင်နင်းကိုဝင်တာ...။

အခုထိ ဂျောင်ကုအပြင်မှာပဲရှိသေးသည်...။ ကိုယ့်ကိုမကြည့်ပါပဲ တစ်ဖက်သို့မျက်နှာလှည့်ထားတဲ့သူကြောင့် စိတ်မရှည်ချင်တော့ဘူး...။ စရောက်တဲ့အချိန်ကစလို့ ကိုယ်နဲ့မျက်နှာချင်းမဆိုင်...။ ကိုယ့်ဘက်က စကားစပြောတာတောင် အဖက်မလုပ်...။

"ကိုယ့်ကိုအထဲပေးမဝင်တော့ဘူးလား"

"ဝင်ပါ... ဒီအိမ်က ဂျွန်ပိုင်တဲ့အိမ်ပဲ"

တစ်ခွန်းထဲပြောပြီး ဧည့်ခန်းထဲဝင်သွားတဲ့သူကြောင့် ဟက်တက်ကြီးကျန်ခဲ့ရသူက ဂျောင်ကုပင်...။ ဘာလဲ စိတ်ဆိုးသွားတာပေါ့...။ စိတ်ဆိုးတယ်ဆိုရင်တောင် ဂျောင်ကုမျှော်လင့်ထားတာက အရင်လိုအနားကပ်ပြီး မကျေနပ်တာတွေငိုယိုပြောတာကို နားထောင်ချင်တာလေ...။ ဘာလဲ... ဟိုဟာတွေရှိလို့ ငြိမ်နေတာများလား...။

ဧည့်ခန်းထဲဝင်လာတော့ ပထမဦးဆုံး စကြားရသည်က သားရဲ့ချစ်စဖွယ် စိတ်မရှည်တဲ့အသံလေး...။

"သားသားနာမည်ကဘာလေးလဲဆို
တီတီမေးနေတာ နှစ်ခါတောင်ရှိပြီ
သားသားက မဖြေချင်ဘူးပေါ့လေ"

~~STRING~~ (Completed)حيث تعيش القصص. اكتشف الآن