"ပါးချီတွားမယ် !
ပါးချီတွားမယ်~~အင့်"

"ဝါး~~ဝါး ~~!"

ဒီကနေမရွေ့မချင်းကို အော်အော်ငိုနေတာ နားတွေလည်းငြီးလှပြီ...။ အိပ်ရေးတွေပျက်ထားလို့ လူကနုံးနေရတဲ့ကြားထဲ သားကတစ်ခါတစ်ခါ ထထအီတဲ့အခါ ထယ်ယောင်းမှာ ဗျာများရသည်...။

"အေးပါ အေးပါ... ဖေဖေအခုသွားနေတယ်လေ... ထပ်ငိုရင်ရိုက်တော့မှာနော်"

"ရိုက်နဲ့~~ရိုက်နဲ့"

ငိုသံက တိတ်သွားပေမယ့်လို့ ရှိုက်သံကတော့ မတိတ်သေး...။ ကားသံကြားတာနဲ့ အဲ့လောက်ငိုစရာလား...။ လူက စိတ်မကောင်းဖြစ်နေရတဲ့ကြားထဲ သူကထငိုတော့ ပိုလို့ပင်ဆိုးသွားသည်...။

တံခါးကိုဖွင့်ဖို့ပြင်လိုက်ပေမယ့် ကိုယ့်ထက်အရင်ဦးအောင် ဆွဲဖွင့်လိုက်တဲ့သူကြောင့် ထယ်ယောင်းမှာ ဒီအတိုင်း သားကိုချီလျှက်...။ တံခါးဝမှာ မြင်လိုက်ရတာက ဂျွန်ရယ်ပါ...။ ခေါ်ဖို့ပြင်လိုက်ပေမယ့် အနောက်မှာရပ်နေတဲ့ လူရိပ်တွေကြောင့် အသာလေးကြည့်မိတော့ ဂျွန့်သူငယ်ချင်းတွေဖြစ်တဲ့ ယွန်းဂီနဲ့နမ်ဂျွန်း...။

ပြီးတော့ မိန်းကလေးတစ်ယောက်လည်း ပါသေးသည်...။ ချစ်စရာမျက်နှာလေးအပြင် ခန္တာကိုယ်လေးကပါသွယ်လျကာ မြင်သူတိုင်းနှစ်ခါပြန်ကြည့်ယူရတဲ့ အလှမျိုးနဲ့ ထိုမိန်းကလေး....။

ဒါ...ဂျွန်ပြောဖူးတဲ့ ဂျူယောင်းဆိုတဲ့ မိန်းကလေးများလား...။ စိတ်ထဲစိုးရိမ်မှုလေးက တဖြည်းဖြည်းဝင်ရောက်လို့လာသည်...။

"သားက ငိုနေတာလား"

သူက ဂျောင်ကုအမေးကိုပြန်မဖြေပဲ အနောက်ကပါလာတဲ့သုံးယောက်ကိုသာ ကြည့်လို့နေသည်...။ မတွေ့ရတဲ့နှစ်ရက်အတွင်း မျက်တွင်းတွေချောင်ကျသွားလိုက်တာ...။ ဂျောင်ကုသဘောကျတဲ့ နှုတ်ခမ်းသေးသေးလေးတွေဟာ မီးရောင်အောက်မှာတောင် ဖြူဖျော့လို့နေ၏...။

"ပါး~~ချီ !!"

သူ့လက်ထဲကနေ လက်လေးတွေဆန့်ထုတ်ပေးလာတဲ့ သားကြောင့် ချီဖို့ဟန်ပြင်လိုက်ပေမယ့် သူက နောက်ကိုဆုတ်ကာ‌ရှောင်လိုက်သည်...။

"ပါပါးပင်ပန်းနေမှာပေါ့... ဖေဖေချီထားပေးတာကို အရိုက်ခံချင်လို့"

~~STRING~~ (Completed)Where stories live. Discover now