ယောကျ်ားတန်မဲ့ ယောကျ်ားတစ်ယောက်ကို ထယ်ယောင်းက အားကိုးလွန်းတယ်လို့ ထင်ချင်ထင်ကြလိမ့်မယ်...။ ဟုတ်တယ်... ထယ်ယောင်းက ဂျွန့်ကိုအရာရာအားကိုးတယ်...။ မေမေတို့ကတောင်မလိုချင်လို့ ငွေကိုဗန်းပြပြီး ထယ်ယောင်းကို ထိုးအပ်ခဲ့သေးတာပဲ...။

ထယ်ယောင်းဘေးနားမှာ အားငယ်ရင်အားကိုးစရာဆိုလို့ ဂျွန်ဂျောင်ကုဆိုတဲ့ လူသားတစ်ယောက်ပဲ ရှိတော့တာ...။ ဒါ့ကြောင့် ထယ်ယောင်းရဲ့ဘဝတစ်ခုလုံးကို ဂျွန့်ဆီပုံအပ်ခဲ့တာ ချစ်လို့လည်းပါသည်...။ ထို့အတူသူဟာ ကိုယ့်အိမ်ထောင်ဖက်တစ်ယောက် ဖြစ်နေတယ်ဆိုတဲ့ ခံယူချက်ကြောင့် အားကိုးတွယ်တာချင်မိတာ ထယ်ယောင်းမမှားဘူးမလား...။

ဒါကိုမှ ဂျွန်ကထပ်ပြီး ပစ်ထားတဲ့အခါ ထယ်ယောင်းပိုပြီးနာကျင်ရတယ်...။ အေးလေ... မိဘကတောင် နေနိုင်မှတော့ ဂျွန့်ကိုလည်း အပြစ်မတင်တော့ပါဘူး...။ အားလုံးအတွက်တော့ ထယ်ယောင်းက အသုံးချခံလူပိုတစ်ယောက်ထက် မပိုခဲ့ဘူးထင်ပါရဲ့...။ ဂျွန်ပြန်လာတဲ့အခါ အရင်လိုတွယ်ကပ်မနေသင့်တော့ဘူး...။

ဂျွန့်အထိအတွေ့တွေမှာ ထယ်ယောင်းသာယာနေခဲ့မိတယ်...။ ချစ်တယ်လို့ ထယ်ယောင်းဘက်က ယူဆထားပေမယ့် တစ်ဖက်ကကိုယ့်ကို ခါးခါးသီးသီးဖြစ်နေမှတော့ ထပ်ပြီးမတွယ်ကပ်ချင်တော့ဘူး...။ ပြီးတော့ ၆လနေရင် လမ်းခွဲပေးရမှာလေ....။ တစ်ခါတည်း သံယောဇဉ်မတွယ်မိအောင် ကိုယ့်ဘက်ကနေ အနေအထိုင်ဆင်ခြင်ရတော့မယ်...။ ဂျွန့်ဆီကနေ ထွက်လာမယ့် စကားလုံးရင့်ရင့်သီးသီးတွေကိုလည်း ဆက်ပြီးမခံစားချင်တော့ဘူး...။

"တီ~~တီ !
တီ~~တီ~~တီ"

ကားဟွန်းတီးသံက တစ်ပြိုင်တည်းနှစ်ခါဆက်တိုက် ထွက်ပေါ်လာတာကြောင့် လိုက်ကာလေးလှန်ကာ အသာလေးဖွင့်ကြည့်မိတော့ နီယွန်မီးရောင်အောက်မှာ ရှေ့ဆင့်နောက်ဆင့် ပြိုင်ရပ်ထားသည့်ကားနှစ်စင်း...။

"ပါး~~ပါး "

သားက ထယ်ယောင်းသင်ပေးစရာတောင်မလို...။ ကားသံကြားတာနဲ့ သူ့ပါပါးဆိုတာ တန်းကနဲသိသည်...။ အိပ်နေရာကနေလန့်နိုးလာတော့ မျက်နှာလေးက အင်တင်တင်...။

~~STRING~~ (Completed)Where stories live. Discover now